You are here

7.8 Score

Vivo V5 Review

Price List

  • {{ pricelist.name }}
    {{ pricelist.shop }}
    {{ pricelist.price }}
  • vivo V5's Key Features

    SIZE 5.50in 720 x 1280 pixels
    CAMERA 13MP Front 20MP
    CPU 1.50GHz Octa-core
    RAM 4GB up to 32GB Storage
    Android OS 6.0 Marshmallow
    BATTERY 3000mAh Li-Ion

    ဒီဖုန်းဟာ Selfie ပိုင်းအတွက်ဦးစားပေးထုတ်လုပ် ထားတာဖြစ်ပြီး Camera & Music ကိုထည့်သွင်းဖော်ပြထားတဲ့ Vivo ရဲ့   ပထမဦးဆုံး Smartphone တစ်လုံး လည်းဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ငွေကျပ်  (၂၉၈၀၀၀) ဖြစ်ကာ Rose Gold နဲ့ Crown Gold တို့ကို ရွေးချယ်ဝယ်ယူနိုင်ပါလိမ့်မယ်။ Vivo V5 Smartphone ကို 2G, 3G နဲ့ 4G Network တို့မှာ အဆင်ပြေပြေအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual Sim အသုံးပြုလို့ရပြီး ဖုန်းခေါ်ဆိုခြင်းနဲ့ အင်တာနက်အသုံးပြုခြင်းတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်မှာပါ။ Audio ပိုင်းအတွက်လည်း အသံအရည်အသွေး အထူးကောင်းမွန်စေမယ့် AK4376 Hi-Fi Audio Chip ကိုအ သုံးပြုပေးထားတာကြောင့် ဆူညံမှုအသံအချိုးအဆကို (115dB) အထိလျှော့ချပေးမှာပါ။ ဒါ့ကြောင့် သီချင်းနား ထောင်ရင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်၊ဗီဒီယိုတွေကြည့်ရင်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့အသံထွက်တွေကို နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

                             ဒီဇိုင်းပိုင်းကို ပါးလွှာချောမွေ့မှုရှိအောင် ဖန်တီးပေးထားကာ ကိုယ်ထည်ကိုတော့ သတ္တုဖြင့်ပြု လုပ်ပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ (၅.၅) လက်မရှိတဲ့အပြင် 2.5D Glass Display ကိုပါ အသုံးပြုပေးထားပါတယ်။ Screen Resolution ကတော့ (1280 x 720) HD ဖြစ်တာကြောင့် အသုံးပြုတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်စွမ်းရည်ကို ခံစားရရှိနိုင် မှာပါ။ ဖုန်းမျက်နှာပြင်မှာ Multitouch အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုတဲ့အခါ အစင်းရာ၊ အခြစ်ရာဖြစ်ပေါ်မှုတွေ မရှိစေဖို့အတွက် Corining Gorilla Glass ဖြင့် ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းမျက်နှာပြင်ကိုကြည့်ရှုအ သုံးပြုတဲ့အခါ မျက်စိအလင်းစူးခြင်းနဲ့ Blue Light တွေကိုလျှော့ချပေးနိုင်မယ့် Eye Protection Mode လည်းပါ ရှိပါတယ်။

               ဒီဖုန်းမှာ Fingerprint လုပ်ဆောင်ချက်လည်းပါရှိတဲ့အပြင် သတ်မှတ်ထားတဲ့ Fingerprint ID ဖြင့် Screen Unlock ပြုလုပ်ခြင်းတွေ ကို (၀.၂) စက္ကန့်အတွင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Fingerprint ID ဖြင့်အခြားလုပ်ဆောင်ချက်များ စွာကိုလည်း လုပ်ဆောင်နိုင်ဦးမှာပါ။ Fingerprint Scanner ကိုဖုန်းရဲ့   Home Button မှာထည့်သွင်းပေးထားပါတယ်။ 64-Bit Octa-Core Processor ကိုအသုံးပြုပေးထားတာကြောင့် ဂိမ်းတွေဆော့ကစားခြင်းနဲ့ Apps များ အသုံးပြုရာမှာ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မြန်ဆန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ RAM (4) GB ပါဝင်တဲ့ အပြင် ROM (32) GB လည်းပါရှိတာကြောင့် အသုံးပြုသူတွေအတွက် အလွန်အဆင်ပြေစေမှာပါ။ Operating System မှာတော့ Android Version 6.0 (Marshmallow) ကိုအသုံးပြုပေးထားကာ Funtouch OS 2.6 UI လည်းပါရှိပါတယ်။

                     အရှေ့  (20.0) Megapixels ကင်မရာဖြင့် ကောင်းမွန်လှပတဲ့ Selfie ပုံရိပ်များစွာကိုရိုက်ကူးမှတ်တမ်းတင် နိုင်မှာဖြစ်ပြီး Selfie Softlight လုပ်ဆောင်ချက်ပါရှိတာကြောင့် မည်သည့်အလင်းရောင်အခြေအနေမှာမဆိုအ ဆင်ပြေစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အနောက်ကင် မရာကတော့ (13.0) Megapixels ရှိပြီး မြန်ဆန်တဲ့ Auto-Focus စနစ်တွေလည်းပါဝင်ပါတယ်။ နောက်ပြီးတော့ Full HD ဗီဒီယိုတွေပါ အလွယ်တကူရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။  Non-removable Li-Ion 3000 mAh battery အမျိုးအစားကိုအသုံးပြုပေးထား တာကြောင့် တစ်ခါအားသွင်းထားရင် ဖုန်းကိုအချိန်ကြာမြင့်စွာအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

    7.50
    7.50
    7.50
    7.50
    9.00
    8.00
    Strength 
    Selfie ပိုင်းအထူးကောင်းမွန်မှုရှိအောင်ဖန်တီးပေးထားတဲ့ အလယ်အလတ်တန်းစား Smartphone တစ်လုံးလို့ယူဆနိုင်ပါတယ်။
    Weakness 
    ဒီဇိုင်းပိုင်းကတော့ သူ့အရင်ထွက်ရှိထားတဲ့ OPPO F1s နဲ့ဆင်တူမှုရှိသလို ဈေးကတော့ F1s ထက်အနည်းငယ်များနေပါတယ်။