You are here

7.6 Score

Meizu M5 Review

Price List

  • {{ pricelist.name }}
    {{ pricelist.shop }}
    {{ pricelist.price }}
  • Meizu m5's Key Features

    SIZE 5.20in 720 x 1280 pixels
    CAMERA 13MP Front 5MP
    CPU 1.50GHz Octa-core
    RAM 3GB up to 32GB Storage
    Android OS 5.1 Lollipop
    BATTERY 3070mAh Li-Ion

    Meizu ဟာ ငွေကျပ် နှစ်သိန်းအောက် Smartphone တစ်လုံးဖြစ်သော M5 ဆိုတဲ့ Model အသစ်တစ်မျိုးကို ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။ Meizu M5 ကတော့ ဈေးနှုန်းသင့်တင့်တဲ့ Smartphone တစ်လုံးဖြစ်သလို (၅) နာရီဆက်တိုက် ဓာတ်ပုံရိုက်ကူးနိုင်ခြင်း၊ (၉)နာရီဆက်တိုက် ဂိမ်းကစားနိုင်ခြင်း၊ (၃၇) နာရီဆက်တိုက် ဖုန်းပြောနိုင်ခြင်း၊  (၆၆) နာရီဆက်တိုက် သီချင်း နားထောင်နိုင်ခြင်းတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Network ပိုင်းမှာ ဆိုရင်လည်း 2G,3G,4G အပြင် CDMA Network မှာပါ Dual Sim အသုံးပြုနိုင်မှာဖြစ်ပြီး Nano Sim Card ကိုထည့် သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ အရောင်ကိုလည်း အနက်ရောင်၊ ရွှေရောင်နဲ့ အပြာရောင်တို့ဖြင့် ထုတ်လုပ်ပေးထားပါတယ်။

    ကိုယ်ထည်ပိုင်းကတော့ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းပုံစံရှိကာ Polycarbonate ဖြင့် ကိုယ်ထည်ကို ပြုလုပ်ပေးထားတာပါ။ နောက်ပြီးတော့ လက်တစ်ဖက်တည်းဖြင့် လွယ်လွယ်ကူကူ ကိုင်ဆောင်အသုံးပြုနိုင်စေမယ့် ပုံစံမျိုးဖြစ်တာကြောင့် ဖုန်းအသုံးပြုသူတွေကို နှစ်သက်သဘောကျစေမှာပါ။ မျက်နှာပြင်အရွယ်အစားကတော့ (၅.၂) လက်မရှိကာ 2.5D Glass Display အမျိုးအစားကို အသုံးပြု ပေးထားပါတယ်။ ရုပ်ထွက်ပိုင်းကတော့ ကြည်လင်ပြတ်သားကောင်းမွန်စေမှာဖြစ်တဲ့ အပြင် Multitouch လည်းအသုံးပြုနိုင်ပါလိမ့်မယ်။

    ဖုန်းတွင်းလုပ်ဆောင်ချက်အပိုင်းအတွက်လည်း 64-bit Octa-Core (1.5) GHz Processor ကိုအသုံးပြု ပေးထားပါတယ်။ RAM (2) GB, ROM (16) GB အမျိုးအစားကိုထုပ်လုပ်ပေးထားသလို RAM (3) GB, ROM (32) GB အမျိုးအစားကိုလည်း ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Memory ကိုထပ်မံတိုးချဲ့အသုံးပြုလိုတယ်ဆိုရင် လည်း တိုးချဲ့အသုံးပြုခွင့် ပေးထားပါသေးတယ်။ Software ပိုင်းလုပ်ဆောင်ချက်အတွက်လည်း အကောင်းမွန် ဆုံးဖြစ်အောင်လို့ Android OS 6.0 (Marshmallow) အပြင် Flyme OS 5.5 တို့ကထောက်ပံ့ပေးပါလိမ့်မယ်။Security ပိုင်းအတွက်လည်း mTouch ဆိုတဲ့ Fingerprint စနစ်တစ်ခု ထည့်သွင်းပေးထားကာ Screen Unlock ပြုလုပ်ခြင်းကို (0.2) စက္ကန့်အတွင်း လုပ်ဆောင်နိုင်မှာ ဖြစ် ပါတယ်။ ဒါ့အပြင် mBack ဆိုတဲ့လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတဲ့အတွက် Back Key မပါရှိတော့ဘဲ Home Key မှာပဲ Fingerprint Sensor ထည့်သွင်းပေးထားသလို Back Function လည်းတစ်ပါတည်း ပါရှိပါ တယ်။

    ကင်မရာပိုင်းမှာဆိုရင်လည်း Selfie အတွက် (5.0) Megapixels ရှိတဲ့ အရှေ့ကင်မရာကို ထည့်သွင်း ပေးထားပါတယ်။ အနောက်ဘက်ပိုင်းမှာတော့ (13.0) Megapixels ကင်မရာမှာ Dual Flash ကိုထည့်သွင်းပေးထားတာကြောင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လွယ်ကူစွာရယူ ဖန်တီးနိုင်မှာပါ။ နောက်ပြီးတော့ Beauty Mode, HDR, Panaroma, Manual Model စတာတွေထည့်သွင်းပေးထားတာကြောင့် ဓာတ်ပုံဝါသနာ ရှင်တွေအတွက် အလွန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဘက်ထရီကိုတော့ (3070) mAh အမျိုးအစား ဘက်ထရီ ကိုအသုံးပြုပေးထားကာ လုပ်ဆောင်ချက်များစွာကို အချိန်ကြာကြာလုပ်ဆောင်နိုင်မယ်လို့ Meizu ကပြောထား ပါတယ်။

    7.50
    7.00
    7.50
    8.00
    7.50
    8.00
    Strength 
    ဈေးနှုန်းပိုင်းက အသုံးပြုသူတွေအတွက် အဆင်ပြေစေမယ့်အနေအထားမှာရှိသလို CDMA မှာပါအသုံးပြုနိုင်တာက ဒီဖုန်းရဲ့အားသာချက်တစ်ခုပါ။
    Weakness 
    အသုံးပြုထားတဲ့ CPU အရည်အသွေးပိုင်းမှာတော့ အနည်းငယ်အားနည်းမှုတွေရှိပါတယ်။