8.7 Score

Huawei GR5 (2017) Review

Price List

  • {{ pricelist.name }}
    {{ pricelist.shop }}
    {{ pricelist.price }}
  • Huawei GR5 (2017)'s Key Features

    SIZE 5.50in 1080 x 1920 pixels
    CAMERA 12MP Front 8MP
    CPU 1.40GHz Octa-core
    RAM 3GB up to 32GB Storage
    Android OS 6.0 Marshmallow
    BATTERY 3340mAh Li-Ion

    Huawei ဟာ အလယ်အလတ်တန်းစား စမတ်ဖုန်းနှင့် တန်ဖိုးနည်း စမတ်ဖုန်းတွေ ထုတ်လုပ်ပြီး ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်မှာ ထိပ်တန်းနေရာတစ်နေရာကို အခိုင်အမာရယူထားပါတယ်။ နောက်ပိုင်းမှာ Huawei ဟာ အဆင့်မြင့် စမတ်ဖုန်းတွေ ထုတ်လုပ်ပြီး အမေရိကနှင့် ဥရောပတို့လို အနောက်တိုင်း ဈေးကွက်သို့ ထိုးဖောက်လာပါတယ်။ Huawei ဟာ အဆင့်မြင့် စမတ်ဖုန်းတွေ ထုတ်လုပ်နေသလို သူတို့ရဲ့အဓိက ရင်းမြစ်ဖြစ်တဲ့ အလယ်အလတ်တန်းစားဖုန်းနဲ့ တန်ဖိုး နည်းဖုန်းတွေကိုလည်း အကောင်းဆုံးလုပ်ဆောင်ကာ ဈေးကွက်မှာ ရှေ့တန်းက ပြေးလျက်ရှိပါတယ်။

    အခု Huawei ဟာ ပြည်တွင်းဈေးကွက်မှာ စမတ်ဖုန်းတစ်လုံးကို တင်သွင်းလာပါတယ်။ ဒီစမတ်ဖုန်းရဲ့အမည်က Huawei GR5 2017 ဖြစ်ပါတယ်။ Huawei GR5 2017 ကို စက်တင်ဘာလတုန်းက တရုတ်နိုင်ငံမှာ Huawei Mate 9 Lite အမည်နှင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Huawei ရဲ့အဆင့်မြင့် စမတ်ဖုန်းဖြစ်တဲ့ Huawei Mate 9 ရဲ့ မိသားစုဝင်အဖြစ် ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ Huawei  ဟာ Mate 9 Lite ကို GR5 2017 အမည်နှင့် မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယအပါအ၀င် အာရှနိုင်ငံအချို့မှာ ရောင်းချနေပါတယ်။

    Huawei GR5 2017 ကလည်း အဆင့်မြင့် စမတ်ဖုန်းတွေဖြစ်တဲ့ Mate 9 ၊ Mate 9 Pro နှင့် Porche Design Mate 9 တို့လိုပဲ ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပါတယ်။ Huawei GR5 2017 မှာ အသုံးပြုထားတဲ့ ကင်မရာအရည်အသွေးက Mate 9 နှင့် Porche Design Mate 9 တို့လောက် ကောင်းမွန်ခြင်းမရှိပေမယ့် လက်ရှိ ပြည်တွင်းဈေးကွက်မှာ ရှိနေတဲ့ အလယ်အလတ်တန်းစမတ်ဖုန်းတွေရဲ့ ကင်မရာတွေနဲ့ နှိုင်းယှဉ်ရင် အကောင်းဆုံးစာရင်းထဲမှာ ပါဝင်ပါတယ်။ Huawei GR5 2017 ကို ပြည်တွင်းမှာ မြန်မာကျပ်ငွေ ၂၈၉၀၀၀ ဖြစ်ပါတယ်။ Huawei GR5 2017 က အသုံးပြုသူတွေ တကယ် တမ်းအသုံးတဲ့ ဖုန်းတစ်လုံးဟုတ်မဟုတ် inmya.com က သုံးသပ် ရေးသားသွားပါမယ်။ Huawei GR5 2017 ဘာလဲ၊ ဘယ်လဲ ကြည့်ရအောင် . . .

    Huawei GR5 2017 ရဲ့ဒီဇိုင်းက အဆင့်မြင့် စမတ်ဖုန်း Mate 9 ရဲ့ဒီဇိုင်းကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကွာခြားချက် အနည်းငယ်ရှိတယ်ဆိုပေမယ့် သိပ် မသိသာလှပါဘူး။ ကင်မရာအစိတ်အပိုင်းကလွဲရင် GR5 2017 နှင့် Mate 9 အကြား ကွာခြားချက် မရှိသလောက်ဖြစ်ပါတယ်။ ဒါကြောင့် Huawei GR5 2017 က အလယ်အလတ်တန်းဖုန်းဖြစ်ပေ မယ့် အဆင့်မြင့် ဖုန်းတစ်လုံးကို ကိုင်တွယ်ရတဲ့ အတွေ့အကြုံမျိုး ခံစားရပါစေမယ်။  ဘော်ဒီကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 150.9×76.2×8.2 mm ရှိပြီး 162g လေးပါတယ်။ 

    မျက်နှာပြင် ၅.၅ လက်မက ကြီးမားတဲ့ အရွယ်အစားဖြစ်ပေမယ့် Huawei ရဲ့ ဒီဇိုင်းပိုင်းကို ပါးနပ်စွာ လုပ်ဆောင် ထားမှုကြောင့် ကြီးမားတဲ့ အရွယ်အစားလို့ မခံစားရပါဘူး။ Huawei GR5 2017 ကို အနားလုံးထားတာကြောင့် ကိုင်တွယ်ရတာ အဆင်ပြေပါတယ်။ မျက်နှာပြင် ၅.၅ လက်မကို FullHD ရုပ်ထွက်နှင့် ထောက်ပံ့ပေးထားပါတယ်။ 2.5 D ပါဝင်ပါတယ်။ Resolution 1080 p ရှိပါတယ်။ မျက်နှာပြင်က ဘော်ဒီရဲ့အချိုး ၇၂.၅၄ ရာခိုင်နှုန်း ရှိပါတယ်။ အလင်းပေးစွမ်းနိုင်မှု ကောင်းမွန်တဲ့အပြင် အရောင်ထုတ်ပေးနိုင်မှုကလည်း အလယ်အလတ်တန်းဖုန်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင် ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းမှာ ထူးခြားတာက Dynamic Contrast Adjustment Technology ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် အသုံးပြုသူတွေအနေနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ ဗီဒီယိုဖိုင်အရည်အသွေးကြောင့် အမှောင်ကျနေမယ်ဆိုရင်တောင် အလိုအလျောက် အလင်းထောက်ပံ့ပေးသွားပါမယ်။ 

    Huawei ဟာ GR5 2017 ကို သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Quad-core Kirin 655 Processor နှင့် အထိုင်ချထားပြီး RAM3GB နှင့် အသုံးပြုထားပါတယ်။ GR5 2017 မှာ DDRR3 အသုံးပြုထားပြီး GR5 ထက် RAM ထက် ၁၆.၆ ရာခိုင်နှုန်း ပိုပြီးတော့ ကောင်းမွန်ပါတယ်။ Kirin 655 Processor ကလည်း GR5 မှာ အသုံးပြုခဲ့တဲ့ Kirin 620 ထက် စွမ်းဆောင်ရည် ၆၀ ရာခိုင်နှုန်း ပိုပြီးတော့ ကောင်းမွန်ပါတယ်။ Mali T830 GPU ပါဝင်ပါတယ်။ ဒါ့အပြင် Kirin 655 နှင့်အတူ Co-Processor အဖြစ် i5 ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Co-Processor i5 က i3 ထက် ၄ ဆ ပိုပြီးတော့ မြန်ဆန်ကာ တာဝန်ခွဲဝေလုပ်ဆောင် ပေးသွားပါမယ်။ i5 Processor က စွမ်းအင်အသုံးပြုမှုနှုန်း အင်မတန် နည်းပါးတဲ့အပြင် ခြေလှမ်းရေတွက်မှုကို လုပ်ဆောင် ပေးသွားပါမယ်။ ROM32GB ပါဝင်ပြီး microSD နှင့် 128GB အထိ ထပ်မြင့်တိုးမြှင့်နိုင်ပါတယ်။ Android 6.0 Marshmallow အခြေခံ Huawei Emotion Ul 4.1 သုံးထားပါတယ်။

    Shallow Woofer System(SWS) စနစ် အသုံးပြုထားတာကြောင့် Huawei GR5 2017 ရဲ့ အသံအရည်အသွေးက အင်မတန် ကောင်းမွန်တာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်နှုန်းမြင့် ယာဉ်ကို စီးချိန်မှာ ဖုန်းလိုင်း ပြတ်တောက်မှု၊ လိုင်းမမိမှုမဖြစ်အောင် လိုင်းကို တသမတ်တည်းဖြစ်အောင် ချိန်ညှိပေးတဲ့ SPLC ထည့်သွင်းထားတာကြောင့် မကြာခဏ ခရီးသွားနေရတဲ့သူတွေအတွက် အင်မတန်သင့်တော်ပါတယ်။ ကွန်ယက်ပိုင်းအတွက် 4G LTE အသုံးပြုနိုင်ပါမယ်။ SIM ကတ်နှစ်ကတ် အသုံးပြုနိုင်ပါတယ်။ Bluetooth 4.0 ၊ GPS နှင့် Micro USB 2.0 ပေါက်ထည့်သွင်းထားပါတယ်။

    3340 mAh ဘက်ထရီပါဝင်ပါတယ်။ Huawei က အလွန်အကျွံအသုံးပြုမယ်ဆိုရင်တောင် ၁.၅၄ ရက် အသုံးပြုနိုင်တယ်လို့ ပြောကြားထားပါတယ်။ သေချာတာကတော့ ဒီပမာဏက တစ်နေ့ကာလကို အလွယ်တကူ ပေါ့ပါးစွာ ဖြတ်ကျော်နိုင်တဲ့ ပမာဏမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် Power-Saving Mode သုံးမျိုးတောင် ထည့်သွင်းထားပါတယ်။ Normal ၊ Smart နှင့် Ultra ဆိုပြီး သုံးမျိုး ထည့်သွင်းထားပါတယ်။ Ultra Saving Mode အသုံးပြုထားချိန်မှာ ဘက်ထရီ ၁၀ ရာခိုင်နှုန်းသာ ကျန်ပေမယ့် တစ်နေ့ကာလကို အလွယ်တကူ ဖြတ်ကျော်နိုင်ပါမယ်။ 

    Huawei က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ နောက်ဆုံးမျိုးဆက် လက်ဗွေရာစနစ်ကို အသုံးပြုထားပါတယ်။ Fingerprint 3.0 အသုံးပြုထားပါတယ်။ GR5 မှာ အသုံးပြုထားတဲ့ Fingerprint 1.0 ထက် ၁၀၀ ရာခိုင်နှုန်းပိုပြီးတော့ စွမ်းဆောင် ရည်မြင့်မားပါတယ်။ ၀.၃ စက္ကန့်အတွင်းမှာ လက်ဗွေကို လျှင်မြန်တိကျစွာ ဖတ်နိုင်ပါတယ်။ Fingerprint 3.0 ရဲ့ ထူးခြားချက်ကတော့ လက်ချောင်းရဲ့ ၃၆၀ ဒီဂရီဖတ်ရှုနိုင်စွမ်းရှိတာပါ။ ဒါ့အပြင် ချွေး(သို့မဟုတ်) ရေစိုနေတဲ့အချိန်မှာလည်း ဖတ်နိုင်စွမ်းရှိပါတယ်။ 

    Huawei GR5 2017 မှာ အထူးခြားဆုံးက ကင်မရာပိုင်းပဲ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ 12MP+2MP ထည့်သွင်းထားပြီး Selfie ကင်မရာက 8MP ဖြစ်ပါတယ်။ ကျောဘက်ကင်မရာမှာ မြန်နှုန်းမြင့် Autofocus စနစ်ထည့်သွင်းထားပြီး ၀.၃ စက္ကန့်အတွင်းမှာ Focus လုပ်နိုင်ပါတယ်။ ကျောဘက်ကင်မရာမှာ အသုံးပြုနိုင်မယ့် စနစ်မျိုးစုံ ထည့်သွင်းပေးထားပါတယ်။ Panarama ၊ HDR ၊ Professional ၊ All Focus ၊ Watermark ၊ Audio Note ၊ Document Adjustment ၊ Perfect Selfie ၊ Light Trails ၊ Light Graffiti ၊ Silky Water ၊ Star Tracking ၊ Time-Lapse ၊ Beauty Mode ၊ Objetion Tracking ၊ Ultra Snapshot ရိုက်ကူးနိုင်ပါတယ်။  Blue Glass Filters ပါဝင်တဲ့ 6P Aspheric Len ကို အသုံးပြုထားတာကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Huawei GR5 2017 မှာ ပါဝင်တဲ့ ကင်မရာစနစ်တွေကတော့ ဖုန်းကင်မရာတစ်လုံးအတွက် ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။ အလယ်အလတ်တန်း စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်တယ်လို့တောင် ပြောနိုင်ပါတယ်။ အပျော်တမ်းရိုက်ကူးနိုင်ရုံသာမက ပရော်ဖက်ရှင်နယ်ကင်မရာသမားတစ်ဦးလိုလည်း ရိုက်ကူးနိုင်ပါမယ်။

    ကျောဘက်ကင်မရာလိုပဲ Selfie ကင်မရာကလည်း ထူးခြားလှပါတယ်။ Selfie ကင်မရာက 8MP ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 1080 p ဖြင့် ပြုလုပ်နိုင်တာက ဗီဒီယိုဖုန်းဆိုမှုအတွက် စိတ်လှုပ်ရှားစရာ အတွေ့အကြုံပေးနိုင်ပါတယ်။ ဒါ့အပြင် ၇၈ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တာကြောင့် အုပ်စုလိုက် Selfie ရိုက်ကူးဖို့ အကောင်းဆုံးစာရင်းဝင် ဖြစ်ပါတယ်။ Selfie ကင်မရာအတွက်လည်း Mode များ ထည့်သွင်းထားပြီး Perfer Selfie က သင့်ကို ကျေနပ်မှု အပြည့်ပေးမယ့် စနစ်ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ Panorama Selfie စနစ်ဖြစ်ပါတယ်။ သင့်အနေဖြင့် လူအုပ်စု ဘယ်လောက်များပါစေ အားလုံးပါဝင်အောင် Selfie ရိုက်ကူးနိုင်ပါမယ်။   

    8.50
    8.50
    8.50
    8.50
    9.00
    9.00
    Strength 
    Processor နှင့် RAM ပိုင်းက အလယ်အလတ်တန်းဖုန်းသုံးတွေ ဖြစ်ပါတယ်။ ကင်မရာပိုင်းက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှအောင် ကောင်းမွန်ပါတယ်။ ဘက်ထရီကလည်း ကောင်းမွန်ပါတယ်။
    Weakness 
    Android Nougat မထည့်သွင်းပေးထားမှုက စိတ်ပျက်စရာပါ။ ဒီအချက်ကလွဲရင် အလယ်အလတ် တန်းဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းစာရင်းထဲမှာ ပါဝင်ပါတယ်။