You are here

Dual Selfie Camera ပါဝင်တဲ့ ဂလိုဘယ်ဗားရှင်း Vivo V19 ကို ကြေညာ

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက Vivo V19 ကို အင်ဒိုနီးရှားမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ယင်းစမတ်ဖုန်းက Vivo V17 ကို အမည်ပြောင်းထားတဲ့စမတ်ဖုန်းမျှသာ ဖြစ်ပါတယ်။ ယနေ့မှာ ဂလိုဘယ်ဗားရှင်း Vivo V19 ကို ကြေညာလာပြီ ဖြစ်ပါတယ်။ ယခု ကြေညာလာတဲ့ ဂလိုဘယ်ဗားရှင်း Vivo V19 မှာ ထူးခြားချက်ကတော့ Dual Selfie Camera ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီ 4500 mAh နှင့် 33W Fast Charging လည်း ပါဝင်ပါတယ်။ ဒီဖုန်းက Dual Selfie Camera ပါဝင်တဲ့ ပထမဆုံး Vivo စမတ်ဖုန်း ဖြစ်ပါတယ်။

Vivo V19 ကို Snapdragon 712 SoC ၊ RAM8GB ပါဝင်ပြီး Storage 128GB နှင့် 256GB ပါဝင်ပါတယ်။

Vivo V19 မှာ မျက်နှာပြင် ၆.၄၄ လက်မ Super AMOLED FullHD+ ရုပ်ထွက်သုံးထားပြီး In-Display Fingerprint Reader ပါဝင်ပါတယ်။ ရှေ့ကင်မရာနှစ်လုံးက 32MP f/2.1+8MP f/2.3 Ultrawide ဖြစ်ပါတယ်။

ကျောဘက်ကင်မရာလေးလုံးလည်း ပါဝင်ပါတယ်။ ကင်မရာများကို L ပုံစံဖြင့် စတုရန်းကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ 48MP+8MP Ultrawide+2MP Depth+2MP Macro ဖြစ်ပါတယ်။ ရှေ့ကင်မရာမှာရော ကျောဘက်ကင်မရာမှာပါ Super Night Mode နှင့် Ultra Stable Video စနစ်တို့ ပါဝင်ပါတယ်။

USB Type C ၊ နားကြပ်ပေါက်၊ Bluetooth 5.0 တို့ ပါဝင်ပါတယ်။ ဒီဖုန်းမှာ Sleek Silver ၊ Gleam Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။

Related Articles