You are here

Exynos 980 ၊ 4500 mAh နှင့် 48MP Quad-Camera ပါဝင်တဲ့ Vivo S6 5G ကို မိတ်ဆက်

Mobile
VIVO
Technology

Vivo ဟာ တရုတ်မှာ အွန်လိုင်းကနေ Vivo S6 5G ကို ကြေညာလာပါတယ်။ Vivo S6 5G မှာ Super-Fast 5G ထောက်ပံ့ထားကာ လူငယ်များ ကြိုက်နှစ်သက်မယ့် ကင်မရာစနစ်များစွာ ပါဝင်ပါတယ်။ ဒီဖုန်းကို Exynos 980 SoC နှင့်ပါဝါထောက်ပံ့ထားတဲ့အပြင် ဂိမ်းကစားတတ်သူများအကြိုက်တွေ့စေမယ့် ဘက်ထရီပမာဏလည်း ထည့်သွင်းထားပါတယ်။

Vivo S6 5G ဒီဇိုင်း

Vivo S6 5G ရဲ့ကျောဘက်မှာ 3D ထောင့်ကွေး ရောင်ပြေးဒီဇိုင်း သုံးထားကာ Gradient Purple-Blue ၊ Light Blue စတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အရောင်များနှင့် ရွေးချယ်နိုင်ပါမယ်။ ဖုန်းအလေးချိန်ကလည်း ၁၈၁ ဂရမ်ဘဲ ရှိပါတယ်။ Vivo ဟာ စိန်ပွင့်ဒီဇိုင်းကင်မရာကွက်ကို မသုံးဘဲ ကင်မရာများကို စက်ဝိုင်းဒီဇိုင်းမှာ ထည့်သွင်းထားပါတယ်။ ဒီဖုန်းမှာ In-Display Fingerprint Scanner ပါဝင်ပါတယ်။

Vivo S6 5G Specs

Vivo S6 5G ကို 8nm Exynos 980 5G Chipset နှင့်ပါဝါထောက်ပံ့ထားပါတယ်။ LPDDR4X 8GB RAM ပါဝင်ပြီး 128GB/256GB တို့နှင့် ရွေးချယ်နိုင်ပါတယ်။ SA/NSA  Dual 5G ထောက်ပံ့ထားကာ Dual SIM သုံးနိုင်ပါမယ်။

ဒီဖုန်းမှာ မျက်နှာပြင် ၆.၄၄ လက်မ AMOLED HDR10 ထောက်ပံ့ထားပြီး 2400x1080px FHD+ Resolution သုံးထားပါတယ်။ 103% NTSC Ultra-Wide Color Gamut နှင့် 1200000:1 Ultra-High Contrast ထောက်ပံ့ထားပါတယ်။ Multi-Turbo Technology များ ပါဝင်ပါတယ်။ ယင်းမှာ CPU Turbo ၊ AI Turbo ၊ Net Turbo ၊ Cooling Turbo ၊ Game Turbo ၊ ART++ Turbo တို့ ပါဝင်ပါတယ်။ မျိုးဆက်သစ် Cooling Turbo က ဖုန်းအပူချိန်ကို ယခင်မျိုးဆက်ထက် ၁၀ ဒီဂရီစဲလ်စီးယက်ပ်စ်အထိ ပိုမိုလျှော့ချပေးနိုင်ပါတယ်။

Vivo S6 5G မှာ ဘက်ထရီ 4500 mAh ပါဝင်ပြီး 18W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ S5 မှာတုန်းက 22.5W Charger ထောက်ပံ့ခဲ့ဖူးတာကြောင့် ယခုလို လျှော့ချလိုက်မှုအပေါ် စိတ်ပျက်ရပါတယ်။

Vivo S6 5G မှာ Intelligent Image Recognition ၊ App Sharing ၊ Screen Cast တို့ ပါဝင်ပါတယ်။ နားကြပ်ပေါက် မပါဝင်ပါဘူး။ WiFi Ac ၊ Bluetooth 5.1 ပါဝင်သလို အသံပိုင်းအတွက် Hi-Res ပါဝင်ပါတယ်။

Vivo S6 5G မှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 48MP ဖြစ်ပြီး ကျန်ကင်မရာများက 8MP Ultrawide ၊ 2MP Depth နှင့် 2MP Macro တို့ ဖြစ်ပါတယ်။

Vivo S6 5G ဖြင့် 4K Video Recording ၊ 1080p Real-Time Beauty Mode စနစ်တို့ ပါဝင်ပါအတယ်။ ဒါ့အပြင် Dual View Video Mode လည်း ပါဝင်ကာ ရှေ့ကင်မရာဖြင့်ရော ကျောဘက်ကင်မရာဖြင့်ပါ ရိုက်ကူးမှုကို တပြိုင်တည်း တိုက်ရိုက်ထုတ်လွှင့်နိုင်ပါမယ်။ ရှေ့ကင်မရာက 32MP f/2.08 ဖြစ်ပါတယ်။ ကျောဘက်ကင်မရာမှာရော ရှေ့ကင်မရာမှာပါ EIS ပါဝင်ပါတယ်။

Vivo S6 5G ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

Vivo S6 5G ရဲ့ 8GB RAM+128GB ကို ဒေါ်လာ ၃၈၁ နှင့် 8GB RAM+256GB ကို ဒေါ်လာ ၄၂၃ သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို ဧပြီလ ၃ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Related Articles