You are here

7nm Kirin 820 ၊ 64MP Quad Cameras ပါဝင်တဲ့ Honor 30S 5G ကို မိတ်ဆက်

Mobile
Honor
Technology

ပြီးခဲ့တဲ့အပတ်တုန်းက Huawei P40 စီးရီးကို ကြေညာခဲ့ပါတယ်။ ယနေ့မှာ Huaewei ရဲ့ ဒုတိယအမှတ်တံဆိပ် Honor ဟာ တရုတ်မှာ Honor 30S ကို ကြေညာလာပါတယ်။ Honor 30S က အလယ်အလတ်တန်း စမတ်ဖုန်းဖြစ်ပြီး 5G ထောက်ပံ့ထားပါတယ်။ Honor 30S က Kirin 820 Chipset အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Honor 30S ဒီဇိုင်း

Honor 30S ဒီဇိုင်းကို Honor 30S လို ဒီဇိုင်းမျိုး သုံးထားပြီး Butterfly 3D မှန် ဒီဇိုင်း ထားပါတယ်။ ဒါ့အပြင် လက်ဗွေရာစနစ်ကိုလည်း ဘောင်မှာ ထည့်သွင်းထားပါတယ်။ အဓိကကွဲပြားသွားတာကတော့ ကျောဘက်ကင်မရာနှင့် LED Flash တို့ကို စတုရန်းကွက်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။  မျက်နှာပြင်မှာ Punch-Hole ဒီဇိုင်း သုံးထားပါတယ်။

Honor 30S ကို အနက်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အနီရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။

Honor 30S Spec

Honor 30S ကို 7nm Kirin 820 Processor သုံးထားပါတယ်။ 2.36GHz ရှိ 1x Cortex-A76 ၊ 2.22GHz ရှိ 3x Cortex-A76 Cores ၊ 1.84GHz ရှိ 4x Cortex-A55 Cores သုံးထားပါတယ်။ Mali-G57 6-Core GPU ပါဝင်ပါတယ်။ RAM8GB ပါဝင်ပြီး 256GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။ LPDDR4x RAM နှင့် UFS 2.1 Storage သုံးထားပါတယ်။

Honor 30S မှာ မျက်နှာပြင် ၆.၅ လက်မ LPTS LCD Punch-Hole Display သုံးထားကာ 2400x1080 px Resolution သုံးထားပါတယ်။ HDR10 ထောက်ပံ့ထားပါတယ်။ Kirin 820 က 5G SA/NSA Dual-Mode ထောက်ပံ့ထားပါတယ်။ Wi-Fi ac ၊ BL 5.1 ၊ နားကြပ်ပေါက်တို့ပါဝင်ပါတယ်။ တခု သတိပြုရမယ့် အချက်ကတော့ NFC နှင့် IR Port တို့ မပါဝင်တာ ဖြစ်ပါတယ်။

Honor 30S မှာ e-Reader (Black & White) ‌၊ Eye-Protection Mode ၊ Link Turbo ၊ Anti-Aging ဆော့ဝဲလ်စနစ်တို့ ပါဝင်ပါတယ်။

ဘက်ထရီ 4000 mAh ပါဝင်ပြီး 40W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ Android 10 အခြေခံ Magic UI 3.1 သုံးထားပါတယ်။

Honor 30S ကင်မရာ

Honor 30S မှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 64MP f/1.8 ဖြစ်ပြီး ဒုတိယကင်မရာက 3x Optical Zoom သုံးနိုင်တဲ့ 8MP f/2.2 Telephoto ဖြစ်ပါတယ်။ 5x Hybrid Zoom နှင့် 20x Digital Zoom သုံးနိုင်ပါမယ်။ တတိယကကင်မရာ 8MP f/2.4 Ultrawide ဖြစ်ပြီး ကျန်ကင်မရာက 2MP f/2.4 Macro ဖြစ်ပါတယ်။ သတိပြုရမယ့်အချက်ကတော့ OIS မပါဝင်ပါဘူး။

4K ဗီဒီယိုရိုက်ကူးမှု၊ 720p@960fps Slo-Mo Video Recording ၊ AIS နှင့် EIS တို့ ပါဝင်ပါတယ်။

Punch-Hole မှာ ရှေ့ကင်မရာ 16MP ပါဝင်ပါတယ်။

Honor 30S ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

Honor 30S ရဲ့ 8GB/128GB ကို ဒေါ်လာ ၃၃၈ နှင့် 8GB/256GB ကို ဒေါ်လာ ၃၈၀ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Related Articles