You are here

50MP Triple Camera နှင့် 3x Optical Zoom ပါဝင်တဲ့ Huawei P40 ကို ကြေညာ

Mobile
Huawei
Technology

Huawei ဟာ ဥရောပမှာ Huawei P40 စီးရီးကို ကြေညာလာပါတယ်။ Huawei P40 ၊ Huawei P40 Pro နှင့် Huawei P40 Pro Plus တို့ကို ကြေညာလာတာ ဖြစ်ပါတယ်။ Huawei P40 Pro နှင့် Huawei P40 Pro Plus တို့နှင့်ပတ်သက်ပြီး inmya.com မှာ ရေးသားထားပြီး ဖြစ်ပါတယ်။ အခု Huawei P40 နှင့်ပတ်သက်ပြီး ရေးသားသွားပါမယ်။

Huawei P40 မှာလည်း Huawei P40 Pro ဒီဇိုင်းမျိုးဘဲ သုံးထားပါတယ်။ ဒီဖုန်းကိုလည်း Silver Frost ၊ Ice White ၊ Blush Gold ၊ Black ၊ Deep Sea Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာ သုံးလုံးဘဲ ပါဝင်ပါတယ်။ ကင်မရာများကို Pro နှင့် Pro Plus တို့လိုဘဲ စတုရန်းကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ ဒီဖုန်းက Pro ၊ Pro Plus တို့ထက် အရွယ်အစားသေးငယ်သလို ဘက်ထရီလည်း နည်းပါးပါတယ်။ အခြားတစ်ဖက်မှာ အလေးချိန်ကလည်း ၁၇၅ ဂရမ်ဘဲ ရှိပါတယ်။ ဖုန်းအထူကလည်း ၈.၅ မီလီမီတာဘဲ ရှိပါတယ်။

Huawei P40 မှာ P40 Pro နှင့် P40 Pro Plus တို့လိုမျိုး ထောင့်ကွေး ရုပ်ထွက်မသုံးထားပါဘူး။ မျက်နှာပြင် ၆.၁ လက်မ FHD+ 2340x1080px Resolution OLED ရုပ်ထွက်သုံးထားပါတယ်။ Dual Punch-Hole သုံးထားပါတယ်။ P40 Pro နှင့် P40 Pro Plus တို့လို IP68 ရရှိထားခြင်း မရှိဘဲ IP53 ဘဲ ရရှိထားကာ ရေပက်ဖျန်းမှု ဒဏ်ဘဲ ခံနိုင်ပါတယ်။

Huawei P40 Specs

Huawei P40 ကိုလည်း Kirin 990 5G Processor နှင့် ပါဝါထောက်ပံ့ထားကာ SA/NSA 5G ထောက်ပံ့ထားပါတယ်။ RAM8GB နှင့် Storage 128GB ပါဝင်ပါတယ်။ Dual SIM/Single SIM ဆိုပြီး ဗားရှင်းနှစ်မျိုးနှင့် ရွေးချယ်နိုင်ပါတယ်။ Single SIM ဗားရှင်းမှာ eSIM ထောက်ပံ့ထားတာကြောင့် SIM ကတ်နှစ်ကတ် သုံးနိုင်ပါတယ်။ ဘက်ထရီ 3800 mAh ပါဝင်ကာ 22.5W SuperCharge Charging Technology ဖြင့် အားသွင်းနိုင်ပါမယ်။ Wireless Charging ထောက်ပံ့ထားခြင်း မရှိပါဘူး။

Huawei P40 မှာ NaIC ၊ GPS ၊ AGPS ၊ Glonass ၊ BeiDou တို့ ထောက်ပံ့ထားပါတယ်။ Wi-Fi 6 ၊ Bluetooth 5.1 ၊ Android 10 OS အခြေခံ EMUI 10.1 တို့ ပါဝင်ပါတယ်။ Google Mobile Service မပါဝင်ဘဲ Huawei Mobile Service ဘဲ ပါဝင်ပါတယ်။

ဒီဖုန်းမှာ ကျောဘက်ကင်မရာသုံးလုံးဘဲ ပါဝင်တယ်ဆိုပေမယ့် ကောင်းမွန်တဲ့ ကင်မရာများ ပါဝင်ပါတယ်။ 50MP f/1.9 UltraVision ၊ 16MP Ultrawide Angle ၊ 8MP f/2.4 Telephoto တို့ ဖြစ်ပါတယ်။ Telephoto ကင်မရာက 3x Optical Zoom ၊ 5x Hybrid Zoom နှင့် 30x Digital Zoom သုံးနိုင်ပါတယ်။ OIS နှင့် AIS တို့ ပါဝင်ကာ 4K@60fps ဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။

ရှေ့ကင်မရာက 32MP နှင့် IR Depth Sensor တို့ ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K@60fps ဖြင့် ပြုလုပ်နိုင်ပါတယ်။

Huawei P40 ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

Huawei P40 ကို ဈေးနှုန်း ဒေါ်လာ ၈၈၀ သတ်မှတ်ထားပါတယ်။ P40 Pro လိုဘဲ ဧပြီလ ၇ ရက်နေ့မှာ ရောင်းချသွားပါမယ်။

Related Articles