You are here

Mate X ထက် ပိုမိုမြန်ဆန်ပြီး ပါဝါမြင့်မားတဲ့ Huawei Mate Xs ကို ကြေညာ

Mobile
Huawei
Technology

Huawei ဟာ သူတို့ရဲ့ ဒုတိယမြောက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကို ကြေညာလာပါတယ်။ ဖုန်းအမည်က Huawei Mate Xs ဖြစ်ပါတယ်။ ယမန်နှစ်ထွက် Huawei Mate Xs ကို အဆင့်မြင့်ထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။ Huawei Mate Xs က Huawei Mate X ထက် ပိုမိုမြန်ဆန်ပြီး ပါဝါမြင့်မားတဲ့အပြင် ဈေးနှုန်းလည်း များပါတယ်။

Huawei Mate Xs က Huawei အတွက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းတစ်လုံး ဘာလုပ်နိုင်တယ်ဆိုတာ ပြသလာနိုင်တာ ဖြစ်တဲ့အပြင် Samsung Galaxy Fold 5G အတွက် အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ကြောင်းလည်း ပြသထားပါတယ်။

Huawei Mate Xs မှာ Mate X လိုဘဲ မျက်နှာပြင် ၈ လက်မ သုံးထားပါတယ်။ ရှေ့ဘက် မျက်နှာပြင်က ၆.၆ လက်မရှိပြီး ကျောဘက်မျက်နှာပြင်က ၆.၃၈ လက်မ ရှိပါတယ်။ Mate Xs မှာ Falcon Wing Design သုံးထားပြီး တိုင်တေနီယမ်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုမာကျောတဲ့ ဇီကိုနီယမ်အခြေခံ သတ္တု သုံးထားပါတယ်။

Kirin 990 5G နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Mate X မှာတုန်းက Kirin 980+Balong 5000 5G Modem တို့ သုံးထားတာ ဖြစ်ပါတယ်။ Kirin 990 က Kirin 980 ထက် စွမ်းဆောင်ရည် ၂၃ ရာခိုင်နှုန်း မြင့်မားပြီး GPU ကလည်း ၃၉ ရာခိုင်နှုန်း မြင့်မားပါတယ်။ NPU က ၄၆၀ ရာခိုင်နှုန်းအထိ မြင့်မားပါတယ်။ RAM8GB နှင့် Storage 512GB ပါဝင်ပါတယ်။

Mate Xs မှာ 5G Modem ပါဝင်ပြီး Samsung Galaxy Fold 5G ထက် 5G Bands ထောက်ပံ့ထားကြောင်း Huawei က ဆိုထားပါတယ်။

Huawei Mate Xs ရဲ့ အဓိကကင်မရာက 40MP SuperSensing Wide-Angle RYYB ကင်မရာဖြစ်ပြီး f/1.8 Aperture သုံးထားပါတယ်။ ဒုတိယကင်မရာက 8MP f/2.4 Telephoto ဖြစ်ပြီး OIS ထောက်ပံ့ထားပါတယ်။ ကျန်ကင်မရာနှစ်လုံးတို့က 16MP f/2.2 Ultrawide နှင့် 3D ToF တို့ ဖြစ်ပါတယ်။

Huawei Mate Xs မှာ ISO Level ကို ၂၀၄၈၀၀၀ အထိ မြှင့်နိုင်ပြီး 3x Opitcal Zoom သုံးနိုင်ပါတယ်။ 2.5CM Macro ဓာတ်ပုံ ရိုက်ကူးဖို့ ထောက်ပံ့ထားသလို OIS+AIS Image Stabilization ပါဝင်ပါတယ်။

Android 10 အခြေခံ EMUI 10 သုံးထားပါတယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 55W SuperCharge ဖြင့် အားသွင်းနိုင်ပါမယ်။ မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၈၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပြီး အားသွင်းမှုက Samsung Galaxy Fold 5G ထက် ၂.၃ ဆ ပိုမိုမြန်ဆန်ပါတယ်။

Huawei Mate Xs ကို လာမယ့်လမှာ တစ်ကမ္ဘာလုံးမှာ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းက ယူရို ၂၄၉၉ ဖြစ်ပါတယ်။

Related Articles