You are here

Snapdragon 865 နှင့် Sub-6 5G ပါဝင်တဲ့ Sony Xperia 1 II နှင့် mmWave 5G ထောက်ပံ့ထားတဲ့ Xperia Pro တို့ကို ကြေညာ

Mobile
Technology

MWC 2020 ကို ဖျက်သိမ်းလိုက်မှုနဲ့အတူ Sony ဟာ သူတို့ရဲ့ အဆင့်မြင့် စမတ်ဖုန်း Sony Xperia 1 II (One Mark Two ဟု အသံထွက်ရန်) ကို အွန်လိုင်းကဘဲ ကြေညာလာပါတယ်။ ဒီဖုန်းမှာ နောက်ဆုံး အဆင့်မြင့် Chipset ၊ ကင်မရာပိုင်းအမိုက်စားနှင့် 5G ထောက်ပံ့မှုတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Sony က အဆင့်မြင့် ဗားရှင်းအဖြစ် Xperia Pro ကိုလည်း ဖန်တီးနေကြောင်း ဆိုသွားပါတယ်။ Xperia Pro ဗားရှင်းမှာ ဗီဒီယိုရိုက်ကူးသူများအတွက် ပရော်ဖက်ရှင်စနစ်များ ပါဝင်လာပါမယ်။

Sony Xperia 1 II

ယခုနှစ် Sony အဆင့်မြင့် စမတ်ဖုန်းမှာ မျက်နှာပြင် ၆.၅ လက်မ 4K HDR OLED ရုပ်ထွက်နှင့် 21:9 Cinematic Ratio သုံးထားပါတယ်။ Sony ဟာ High Refresh Rate မသုံးဘဲ Motion Blur Reduction ဘဲ ထည့်သွင်းထားပါတယ်။ 90Hz Refresh Rate နှင့်အတူတူလို့ သိရပါတယ်။

ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး ဘယ်ထောင့်မှာ ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ 12MP+12MP Ultrawide+12MP Telephoto တို့ ဖြစ်ပါတယ်။ ကင်မရာဆင်ဆာသစ်များက ကြီးမားတဲ့ ဆင်ဆာများဖြစ်သလို မြန်ဆန်တဲ့လန်းစ်များလည်း သုံးထားပါတယ်။ ရှေ့ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

Ultrawide Angle Shooter က 16mm Equivalent Focal Length နှင့် f/2.2 Aperture ပါဝင်ပါတယ်။ PDAF လည်း ထောက်ပံ့ထားပါတယ်။ Telephoto မှာ 70mm Equivalent Focal Length ၊ f/2.4 OIS Lens နှင့် 1/ 3.4 နှင့် PDAF တို့ ပါဝင်ပါတယ်။

အဓိကကင်မရာမှာလည်း Dual PDAF နှင့် OIS တို့ ပါဝင်ပါတယ်။ f/1.7 Aperture သုံးထားတာကြောင့် အလင်းရောင်အားနည်းချိန်မှာလည်း အလွန်ကောင်းတဲ့ ဓာတ်ပုံများ ရိုက်ကူးနိုင်ပါမယ်။ အဓိကကင်မရာနှင့် Telephoto ကင်မရာတို့ကြားမှာ 3D iToF Sensor ပါဝင်ပါတယ်။

Focus ပိုင်းအတွက် Eye AF ထည့်သွင်းထားပါတယ်။ ထူးခြားလာတာကတော့ တိရိစ္ဆာန်များမှာလည်း အလုပ်လုပ်တာ ဖြစ်ပါတယ်။ Sony က AF Tracking ကို 20fps ဖြင့် အလုပ်လုပ်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ကြောင်း ဆိုထားပါတယ်။

Sony က ဆင်ဆာသစ်များကို ZEISS နှင့်ပူးပေါင်းဖန်တီးထားတာ ဖြစ်ပြီး အထူးသီးသန့်လုပ်ထားတာလို့ ဆိုထားပါတယ်။

ဒီဖုန်းမှာ Android 10 တပါတည်း ပါဝင်ပြီး 5G Modem ပါဝင်တဲ့ Snapdragon 865 ပါဝင်ပါတယ်။ Sub 6GHz မှာ အလုပ်လုပ်တဲ့ 5G Modem ပါဝင်ပါတယ်။ RAM8GB နှင့် 256GB UFS Storage ပါဝင်ပါတယ်။

နားကြပ်ပေါက်ပါဝင်ကာ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Camera Pro အမည်ရှိ App ပါဝင်တာ ဖြစ်ပါတယ်။ တစ်ခုချင်းစီတိုင်းရဲ့ အရောင်အပါအဝင်အခြားအရာတို့ကို ထိန်းချုပ်နိုင်ပါမယ်။ 360 Reality Audio Audio ဟာ့ဒဲလ်ဝင်ကာ သီချင်းနားထောင်တဲ့အခါ ကောင်းမွန်တဲ့အသံကို ထုတ်လုပ်ပေးပါမယ်။

ဒီဖုန်းကို အနက်ရောင်၊ ခရမ်းရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းကိုတော့ မသိရသေးသလို ရောင်းချမယ့် ကာလအတိအကျကိုလည်း မသိရသေးပါဘူး။

Sony Xperia Pro

Sony Xperia Pro က ဖန်တီးနေတုန်း ဖြစ်ပြီး ဒီဖုန်းမှာ အသုံးပြုလာမယ့် စနစ်အပြည့်အစုံကိုတော့ မသိရသေးပါဘူး။ ရုပ်ထွက်နှင့် ကင်မရာပိုင်းမှာတော့ 1 Mark II နှင့်အတူတူ ဖြစ်လာပါမယ်။ HDMI ပေါက်ပါဝင်ကာ Sony Alpha ကင်မရာများနှင့် ကြိုးမဲ့ချိတ်ဆက်သုံးနိုင်မှာ ဖြစ်ပါတယ်။ Storage 512GB အထိ ပါဝင်ပါမယ်။

Xperia Pro မှာ 4-Way 5G mmWave Antenna ပါဝင်ပါတယ်။ ဒါကြောင့် 5G ကွန်ယက်မှာ အမြင့်မားဆုံးအင်တာနက်အသုံးပြုမှုကို ခံစားရမှာ ဖြစ်ပါတယ်။

Related Articles