You are here

Snapdragon 865 SoC ၊ 65W Charging တို့ ပါဝင်တဲ့ Realme X50 Pro 5G တို့ကို ကြေညာလာ

Mobile
Technology

Realme ဟာ ဇန်နဝါရီလတုန်းက သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းအဖြစ် Realme X50 5G ကို ကြေညာခဲ့ပါတယ်။ ယနေ့မှာ Realme ဟာ အဆင့်မြင့် စမတ်ဖုန်းသစ် Realme X50 Pro 5G ကို ကြေညာလာပါတယ်။ Realme X50 Pro 5G မှာ Snapdragon 865 SoC နှင့် ကျောဘက်ကင်မရာလေးလုံးတို့ ပါဝင်ပါတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ 65W Fast Charging ပါဝင်ပါတယ်။

Realme X50 Pro 5G မှာ မျက်နှာပြင် ၆.၄ လက်မ Full HD+ Super AMOLED ရုပ်ထွက်နှင့် 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 မှန် ပါဝင်ပါတယ်။ In-Display Fingerprint Scanner ပါဝင်ပြီး ဖုန်းဖွင့်မှုကို ၀.၂၇ စက္ကန့်ဖြင့် ဖွင့်နိုင်ပါမယ်။

Snapdragon 865 နှင့် ပါဝါထောက်ပံ့ထားပြီး RAM12GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။ ကျန်ဗားရှင်းအနေဖြင့် RAM8GB နှင့်လည်း ရွေးချယ်နိုင်ပါတယ်။ အခြေခံဗားရှင်းမှာ Storage 128GB ပါဝင်ကာ 256GB UFS 3.0 ဖြင့်လည်း ရွေးချယ်နိုင်ပါတယ်။ TurboWrite နှင့် Host Performance Booster တို့ ပါဝင်ကာ Writing ကို 760MBs ဖြင့်လည်းကောင်း၊ Reading ကို 1900MBs ဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 64MP Samsung ISOCELL GW1 Sensor သုံးထားတာ ဖြစ်ပြီး f/1.8 Aperture သုံးထားပါတယ်။ 4-to-1 Pixel Binning သုံးထားကာ 16MP ဓာတ်ပုံများ ရိုက်ကူးကာ တစ်ပုံတည်းအဖြစ်ပေါင်းစပ်ပေးမှာ ဖြစ်ပါတယ်။ ဒုတိယကင်မရာက 8MP f/2.3 Ultrawide-Angle ဖြစ်ပြီး PDAF ထောက်ပံ့ထားပါတယ်။  တတိယကင်မရာက 12MP f/2.5 Telephoto ဖြစ်ပြီး 2x Optical Zoom သုံးနိုင်ပါမယ်။ နောက်ဆုံးကင်မရာကတော့ အဖြူ/အမည်း Portrait Lens ဖြစ်ပါတယ်။

Dual Punch-Hole Screen သုံးထားကာ 32MP Sony IMX616+8MP Ultrawide ကင်မရာနှစ်လုံးပါဝင်ပါတယ်။ ဒုတိယကင်မရာများကြောင့် Group Selfie ဓာတ်ပုံများ ရိုက်ကူးနိုင်ပါမယ်။

ဘက်ထရီ 4200 mAh ပါဝင်ကာ 65W SuperDart Flash Charge ဖြင့် အားသွင်းနိုင်ပါမယ်။ အားအပြည့်သွင်းဖို့ ၃၅ မိနစ်ဘဲ အချိန်ယူရမှာ ဖြစ်ကာ မိနစ် ၂၀ အားသွင်းရုံဖြင့် ၆၀ ရာခိုင်နှုန်းအထိ ဘက်ထရီ ရရှိပါမယ်။ ဗူးအတွင်းမှာ Charger ကို တပါတည်း ထည့်သွင်းထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ 18W QuickCharge/Power Delivery နှင့် 30W VOOC 4.0 Flash Charge တို့လည်း ထောက်ပံ့ထားတာ ဖြစ်ပြီး ဈေးကွက်အတွင်းမရှိ Fast Charger အားလုံးဖြင့် အားသွင်းနိုင်ပါမယ်။

ဒီဖုန်းမှာ Android 10 အခြေခံ Realme UI သုံးထားပါတယ်။ ဒီဖုန်းမှာ စတီရီယိုစပီကာများ ပါဝင်ကာ ဂိမ်းကစားစဉ် ဖုန်းပူမှုမဖြစ်အောင် Vapor Cooling System လည်း ပါဝင်ပါတယ်။ NFC နှင့် Google Pay တို့လည်း ပါဝင်ပါတယ်။

ဒီဖုန်းကို Moss Green ၊ Rust Red အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ RAM8GB/128GB ကို ယူရို ၅၉၉၊ RAM8GB/256GB ကို ဒေါ်လာ ၆၆၉ နှင့် RAM12GB/256GB ကို ဒေါ်လာ ၇၄၉ သတ်မှတ်ထားပါတယ်။

Related Articles