You are here

21:9 Display၊ ကင်မရာသုံးလုံးနှင့် များပြားတဲ့ ဘက်ထရီပါဝင်တဲ့ Sony Xperia L4 ကို ကြေညာလာ

Mobile
Technology

Sony ဟာ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပါတယ်။ Sony Xperia L4 ကို ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ Sony Xperia L4 မှာ Xperia L3 ထက် များစွာ အဆင့်မြင့်ထားကာ ပိုကောင်းအောင် လုပ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Sony Xperia 1 ရဲ့ စနစ်အများစုကိုလည်း ယူသုံးထားတာ တွေ့ရပါတယ်။ Sony Xperia L4 မှာ 21:9 Aspect Ratio သုံးထားပြီး လက်ဗွေရာစနစ်ကိုလည်း ဘောင်မှာ ထည့်သွင်းထားပါတယ်။

Sony Xperia L4 မှာ မျက်နှာပြင် ၆.၂ လက်မ 21:9 HD+ LCD ရုပ်ထွက်သုံးထားကာ 18:9 Screen သုံးထားတဲ့ Xperia L3 ထက် များစွာ ရှည်ပါတယ်။ Cinematic Ratio လို့ ခေါ်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးက 13MP Wide-Angle+5MP Ultrawide+2MP Depth တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။

Sony Xperia L4 မှာ L3 နှင့် တူညီနေတာ တစ်ခုကတော့ Processor ဖြစ်ပါတယ်။ ဒီဖုန်းမှာလည်း MediaTek Helio P22 ၊ RAM3GB အသုံးပြုထားပြီး Storage 64GB နှင့် နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။

Xperia L4 မှာ ဘက်ထရီ 3580 mAh ပါဝင်ပါတယ်။ ယမန်နှစ်ထွ်က L3 တုန်းက ဘက်ထရီ 3300 mAh ပါဝင်ပါတယ်။ Xperia L4 မှာ Fast Charging လည်း ပါဝင်ပါတယ်။

ဒီဖုန်းကို အနက်ရောင်၊ အပြာရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်း၊ ရောင်းချမယ့်ဈေးကွက်နှင့် နေ့ရက်တို့ကို မကြေညာသေးပါဘူး။

Related Articles