You are here

iPad Pro သစ်တွင် ကျောဘက်ကင်မရာသုံးလုံးနှင့် ToF 3D Sensor ပါဝင်မည်

Apple
Gadgets
Laptop
Technology

Apple ဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မိတ်ဆက်ပွဲတစ်ပွဲ ပြုလုပ်သွားပါမယ်။ Apple ဟာ ယင်းပွဲမှာ iPhone SE 2/iPhone 9 ကို ကြေညာသွားပါမယ်။ Apple ဟာ ယင်းပွဲမှာ iPhone SE 2 တစ်မျိုးတည်းကိုဘဲ ကြေညာသွားမှာ မဟုတ်ပါဘူး။ iPad Pro သစ်ကိုလည်း ကြေညာသွားပါမယ်။

မီဒီယာများရဲ့ ဖော်ပြချက်အရ iPad Pro သစ်တွင် မျက်နှာပြင် ၁၂ လက်မ သုံးလာမှာ ဖြစ်ပြီး ကျောဘက်ကင်မရာသုံးလုံး ပါဝင်လာမယ်လို့ သိရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးမှ တစ်လုံးမှာ 3D Object Scanning ပြုလုပ်နိုင်မယ့် ToF Sensor ဖြစ်လာမယ်လို့ သိရပါတယ်။ Apple ဟာ AR စနစ်ကို ပိုမိုကျယ်ပြန့်လာရေးအတွက် ToF Sensor ထည့်သွင်းလာတာလည်း ဖြစ်ပါတယ်။

Apple ဟာ မတ်လ ၃၁ ရက်နေ့မှာ iPad Pro သစ်ကို ကြေညာပြီး ဧပြီလအတွင်းမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Apple ဟာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေခြင်းကြောင့် iDevice ထုတ်လုပ်မှု နှောင့်နှေးနေတဲ့အပြင် ရောင်းအားလည်း ကျဆင်းလာမယ်လို့ သိရပါတယ်။

Related Articles