You are here

မတ်လ ၃၁ ရက်နေ့ပွဲတွင် iPhone SE 2 ကို Apple မိတ်ဆက်ဖွယ်ရှိ

Apple
Mobile
Technology

Apple ဟာ ၂၀၂၀ ခုနှစ်မှာ တန်ဖိုးသင့် iPhone ထုတ်လုပ် ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ iPhone က ၂၀၁၆ ခုနှစ်ထွက် iPhone SE ရဲ့ ခြေရာကို ဆက်ခံတဲ့ စမတ်ဖုန်း ဖြစ်လာမှာဖြစ်ပြီး iPhone SE 2 (သို့မဟုတ်) iPhone 9 လို့ ခေါ်ဝေါ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ Apple က ဈေးနှုန်းသက်သာတဲ့ iPhone နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဖွင့်ဟလာခြင်း မရှိသေးပေမယ့်လည်း ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ iPhone SE 2 ကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Apple ဟာ အော်ရီဂျင်နယ် iPhone SE ကိုလည်း ၂၀၁၆ ခုနှစ်၊ မတ်လမှာဘဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ ဧပြီလ ၃ ရက်နေ့မှာ iPhone SE 2 ကို စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီဖုန်းရဲ့ ဈေးနှုန်းက ဒေါ်လာ ၃၉၉ ဖြစ်လာမယ်လို့ သိရပါတယ်။ ဒီဖုန်းကို Apple A13 Bionic Chipset နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး ကိုယ်ထည်ဒီဇိုင်းမှာ iPhone 8 နှင့် အတူတူ ဖြစ်လာမှာ ဖြစ်ပါတယ်။

Related Articles