You are here

Samsung Galaxy S10 Ultra တွင် စတိန်းလက်စ်စတီးဖရိန်သုံးလာမည်

Mobile
Samsung
Technology

Samsung ဟာ နောက်ဆုံး အဆင့်မြင့်စမတ်ဖုန်းမျိုးဆက်ငါးခုမှာ အလူမီနီယမ်ဖရိန်သုံးခဲ့ပါတယ်။ ဒါပေမယ့် Samsung ဟာ Galaxy S20 Ultra မှာတော့ အလူမီနီယမ်ဖရိန်မသုံးတော့ဘဲ စတိန်းလက်စ်စတီးဖရိန်ဘဲ အသုံးပြုလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ စမတ်ဖုန်းလောကမှာ စတိန်းလက်စ်စတီးဖရိန်ကို Apple တစ်ခုတည်းသာ အသုံးပြုနေပါတယ်။ Apple ဟာ နောက်ဆုံး iPhone မျိုးဆက် သုံးခုဆက်တိုက်မှာ စတိန်းလက်စ်စတီးဖရိန်သုံးလာခဲ့ပါတယ်။ စတိန်းလက်စ်စတီးဖရိန်က ပိုမိုအကြမ်းခံတဲ့အပြင် အလွယ်တကူ အစင်းရာ မပေါ်ပါဘူး။

ဒါကြောင့်လည်း Samsung ဟာ Galaxy S20 မှာ အကောင်းဆုံးစမတ်ဖုန်း ဖြစ်လာမယ့် Galaxy S20 Ultra မှာ စတိန်းလက်စ်စတီးသုံးလာတော့မှာ ဖြစ်ပါတယ်။

Related Articles