You are here

တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် Amazon ရပ်တည်

Apple
Laptop
Mobile
Samsung
Huawei
Science
Technology
World

Brand Finance Global 500 ဟာ တတိယနှစ်အဖြစ် ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၅၀၀ ကို ထုတ်ပြန်ကြေညာလာပါတယ်။ Amazon ဟာ Brand Finance Global 500 စာရင်းမှာ  သုံးနှစ်ဆက်တိုက်အဖြစ် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Amazon ဟာ ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၂၀၀ ဘီလီယမ်ကျော်မြင့်မားလာခဲ့သလို ယမန်နှစ်တုန်းကထက် တန်ဖိုး ၁၇.၅ ရာခိုင်နှုန်း မြင့်မားလာခဲ့ပါတယ်။

Brand Finance Global 500 ရဲ့ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်စာရင်းမှာ ဒုတိယနေရာမှာ Google က ရပ်တည်နိုင်ခဲ့ပါတယ်။ Google ဟာ ယမန်နှစ်တုန်းက အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ရာမှာ ယခုနှစ်မှာ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့တာ ဖြစ်ပြီး Apple က တတိယနေရာသို့ ဆင်းပေးလိုက်ရတာလည်း ဖြစ်ပါတယ်။ Apple ဟာ တန်ဖိုး ၈.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ထိပ်ဆုံး ကုမ္ပဏီ ၁၀ ခုမှ တန်ဖိုးအကျဆုံးကုမ္ပဏီ ဖြစ်ပါတယ်။

စတုတ္ထနေရာမှာ Microsoft က ရပ်တည်နေပြီး ယမန်နှစ်ကထက် ၂.၁ ရာခိုင်နှုန်းကျဆင်းလာခဲ့ပါတယ်။ Samsung က အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာမှာ ICBC ၊ အဆင့် ၇ နေရာမှာ Facebook ၊ အဆင့် ၈ နေရာမှာ Walmart ၊ အဆင့် ၉ နေရာမှာ Pingan တို့ ရပ်တည်နေပါတယ်။ အဆင့် ၁၀ နေရာမှာ Huawei က ရပ်တည်လာပါတယ်။ Huawei ဟာ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် ခက်ခဲတဲ့ နှစ်တစ်နှစ် ရင်ဆိုင်ခဲ့ရပေမယ့်လည်း တန်ဖိုး ၄.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အဆင့် ၁၂ နေရာမှ အဆင့် ၁၀ သို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Related Articles