You are here

ဖေဖော်ဝါရီလတွင် စမတ်လက်ပတ် ကြေညာလာမယ့် Realme

Mobile
Technology

Realme က စမတ်လက်ပတ်ထုတ်လုပ် ရောင်းချသွားမယ်လို့ အတည်ပြုကြေညာထားတာ အနည်းငယ်ကြာမြင့်ပါပြီ။ ယနေ့မှာ Realme CEO က သူတို့ရဲ့ ပထမဆုံး စမတ်လက်ပတ်ကို ဘယ်တော့ ကြေညာမယ်ဆိုတာ အတည်ပြုလာပါပြီ ဖြစ်ပါတယ်။ Realme CEO မက်ဟေးဒ်ရှိတ်က စမတ်လက်ပတ်ကို လာမယ့်လမှာ ကြေညာမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။

Realme CEO ဟာ စမတ်လက်ပတ်ကို ဘယ်နေ့မှာ ကြေညာမယ်ဆိုတာကိုတော့ အတိအကျ ပြောကြားသွားခြင်း မရှိသေးပါဘူး။

Realme ဟာ စမတ်လက်ပတ်ထုတ်လုပ်ပြီး Xiaomi Mi Band ကို ယှဉ်ပြိုင်လာတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Huawei နှင့် Honor တို့ကလည်း စမတ်လက်ပတ်များ ထုတ်လုပ် ရောင်းချထားကြပါတယ်။

Realme ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ MWC 2020 မှာ 5G စမတ်ဖုန်းသစ် မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ ၎င်းတို့ဟာ ယင်းနေ့မှာဘဲ Realme စမတ်လက်ပတ်ကိုလည်း ကြေညာလာနိုင်ပါတယ်။

Related Articles