You are here

ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း Motorola Razr 2019 ကို ဖေဖော်ဝါရီ ၆ တွင်မှ စရောင်းမည်

Gadgets
Mobile
Technology

လွန်ခဲ့တဲ့လအနည်းငယ်တုန်းက Motorola ဟာ ခေါက်ဖုန်းဒီဇိုင်းသုံးထားတဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း Razr 2019 ကို ကြေညာခဲ့ပါတယ်။ အစောပိုင်းတုန်းက Motorola Razr 2019 ကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကြိုတင်အမှာလက်ခံပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ ရောင်းချဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် Motorola ဟာ Motorola Razr 2019 အား ကြိုတင်အမှာလုပ်မှု အလွန်များပြားတာကြောင့် ရောင်းချမယ့်ကာလကို ရွေ့ဆိုင်းခဲ့ပါတယ်။

ယခုအခါ Motorola ဟာ Razr 2019 ကို ကြိုတင်အမှာ လုပ်နိုင်မယ့်ရက်နှင့် ရောင်းချမယ့်ရက်အသစ်ကို ကြေညာလာပါတယ်။ Motorola Razr 2019 ကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကြိုတင်အမှာ လက်ခံပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Motorola Razr 2019 ကို ဈေးနှုန်းဒေါ်လာ ၁၄၉၉ သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို Snapdragon 710 Chipset နှင့် ပါဝါထောက်ပံ့ထားပြီး ကျောဘက်ကင်မရာ 16MP နှင့် ဘက်ထရီ 2100 mAh ပါဝင်ပါတယ်။

Samsung ဟာလည်း လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Motorola Razr 2019 လိုမျိုး ဒီဇိုင်းမျိုး အသုံးပြုထားတဲ့ Galaxy Z Flip ကို ကြေညာလာပါမယ်။ Galaxy Z Flip မှာ Snapdragon 855 သုံးလာမှာ ဖြစ်ပြီး ဘက်ထရီ 3300 mAh ပါဝင်မယ့်အပြင် ဈေးနှုန်းမှာ ဒေါ်လာ ၈၆၀ မှ ဒေါ်လာ ၁၃၀၀ အတွင်းသာ ဖြစ်လာမယ်လို့ သိရပါတယ်။

 

Related Articles