You are here

Snapdragon 720G ၊ Snapdragon 662 နှင့် Snapdragon 460 တို့ကို Qualcomm ကြေညာ

Mobile
Technology

Qualcomm ဟာ အလယ်အလတ်တန်းနှင့် တန်ဖိုးသင့် စမတ်ဖုန်းများအတွက် Chipset သစ် သုံးမျိုးကို ကြေညာလာပါတယ်။ Qualcomm Chipset သစ်များရဲ့အမည်က Snapdragon 720G ၊ Snapdragon 662 နှင့် Snapdragon 460 တို့ ဖြစ်ပါတယ်။

Snapdragon 720G(SM7125)

Snapdragon 720G က Snapdragon 710 နှင့် Snapdragon 712 SoC တို့ရဲ့ ခြေရာကို ဆက်ခံတဲ့ Chipset ဖြစ်ပြီး 8nm Chipset များ ဖြစ်ပါတယ်။ Octa-Core Processor ဖြစ်ပြီး 2+6 Format သုံးထားပါတယ်။ 2.3GHz ရှိ 2x Kyro 465 Cores နှင့် 1.8GHz ရှိ 6x Kryo 260 Cores သုံးထားပါတယ်။

G အမည်သုံးထားတာနဲ့အညီ ဂိမ်းအတွ်က အဓိကထားတဲ့ Chipset ဖြစ်ပါတယ်။ Qualcomm Elit Gaming စနစ်များ ဖြစ်ကြတဲ့ HDR Gaming ၊ Qualcomm aptX Adaptive Audio ၊ Smoother GPU ပါဝင်ပါတယ်။

Snapdragon 720G မှာလည်း Snapdragon 730 လိုဘဲ Adreno 618 GPU ပါဝင်ပြီး OpenGL ES 3.0 နှင့် Vulkan 1.1 တို့ ထောက်ပံ့ထားပါတယ်။ Hexagon 692 DSP သစ်နှင့် Spectra 350L Image Signal Processor တို့ ပါဝင်ပါတယ်။ ကွန်ယက်ပိုင်းအနေဖြင့် Snapdragon X15 LTE Modem ပါဝင်ပြီး ဒေါင်းလော့ခ်လုပ်မှု 800Mbps အထိ လုပ်ဆောင်နိုင်ပါတယ်။ Bluetooth 5.1 (aptX Adaptive Audio) ၊ WiFi 6 ၊ USB 3.1 တို့ ပါဝင်ပါတယ်။ Dual Frequency GNSS (L1+L5) နှင့် အိန္ဒိယရဲ့ NavIC တို့ ထောက်ပံ့ထားပါတယ်။

UFS 2.1 Storage နှင့် RAM8GB အထိ ထောက်ပံ့ပေးထားသလို ရုပ်ထွက်ပိုင်းအနေဖြင့် 2520x1080px 90Hz (သို့) 120Hz နှင့် HDR10 တို့ သုံးနိုင်ပါမယ်။ Quick Charge 4.0 ထောက်ပံ့ထားပါတယ်။

Snapdragon 662 (SM6115)

Snapdragon 662 က Snapdragon 660 နှင့် Snapdragon 665 တို့ရဲ့ ကြားဗားရှင်း Chipset ဖြစ်ပါတယ်။ ဒီ Chipset က အရည်အသွေးမြင့် ဓာတ်ပုံများကို ဖိုင်အရွယ်အစား တစ်ဝက်လောက်မျှဖြင့် သုံးနိုင်မယ့် HEIF Format ပါဝင်တဲ့ ပထမဆုံး Snapdragon 6 စီးရီးလည်း ဖြစ်ပါတယ်။

SoC သစ်က 11nm Processor ဖြစ်ပြီး 8x Kryo 260 ပါဝင်ပြီး 4+4 Format သုံးထားပါတယ်။ Adreno 610 GPU ၊ Hexagon 683 AIE DSP ၊ Spectra 340T Image Signal Processor တို့ ပါဝင်ပါတယ်။

FHD+(2220x1080px) ရုပ်ထွက်နှင့် 60Hz Refresh Rate ထောက်ပံ့ပေးနိုင်ပါတယ်။ emmC နှင့် UFS 2.1 Storage ထောက်ပံ့ပေးထားပါတယ်။ Snapdragon X11 LTE Modem ပါဝင်ကာ  ဒေါင်းလော့ခ်လုပ်မှုကို 390Mbbs နှင့် Upload လုပ်မှုကို 150Mbps အထိလည်းကောင်း လုပ်နိုင်ပါတယ်။ WiFi 6 ၊ Bluetooth 5.1 ၊ Dual Frequency GPS ၊ NavIC တို့ ပါဝင်ပါတယ်။ Quick Charge 3.0 ပါဝင်ပါတယ်။

Snapdragon 460 (SM250-AA)

Snapdragon 460 က Snapdragon 450 ရဲ့ နေရာကို ဆက်ခံတဲ့ Chipset ဖြစ်ပါတယ်။ ဒီ Chipset ကို ဈေးနှုန်း ဒေါ်လာ ၁၅၀ အောက် စမတ်ဖုန်းများမှာ မြင်တွေ့ရဖို့ ရှိပါတယ်။ ဒါ့အပြင် Tablet များမှာလည်း မြင်တွေ့လာရဖို့ ရှိပါတယ်။

11nm Processor ဖြစ်ပြီး 1.8GHz 8xKryo 240 Cores ပါဝင်ပြီး Adreno 610 GPU ပါဝင်ကာ Vulkan 1.1 ထောက်ပံ့ထားပါတယ်။ ယခင်ဗားရှင်းထက် စွမ်းဆောင်ရည် ၇၀ ရာခိုင်နှုန်းအထိ မြင့်မားပါတယ်။

ရုပ်ထွက်ပိုင်းအနေဖြင့် 2220x1080 px နှင့် 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ eMMC နှင့် UFS 2.1 Storage ထောက်ပံ့ထားသလို Hexagon 682 AIE DSP နှင့် Spectra 340 ISP ပါဝင်ပါတယ်။

ဒီ Chipset က Qualcomm ရဲ့FastConnect 6100 ပါဝင်တဲ့ ပထမဆုံး Snapdragon 400 စီးရီး Chipset  ဖြစ်ပါတယ်။ WiFi 6 ၊ Bluetooth 5.1 ၊ Snapdragon X11 LTE Modem တို့ ပါဝင်ကာ Snapdragon 662 လိုဘဲ စွမ်းဆောင်ရည်ရှိပါတယ်။ Dual-Frequency GPS  ၊ NavIC Satellite System တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Quick Charge 3.0 လည်း ထောက်ပံ့ပေးထားပါတယ်။   

Related Articles