You are here

မိုဘိုင်းဌာနအကြီးအကဲသစ်အဖြစ် Roh Tae-Moon ကို Samsung ခန့်အပ်

Mobile
Samsung
Technology

Samsung ဟာ ထိပ်ပိုင်း အမှုဆောင်ရာထူးတို့ကို မကြာခဏ အပြောင်းအလဲတွေ လုပ်လေ့ရှိတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ယခုလည်း တောင်ကိုရီးယားထိပ်သီးကုမ္ပဏီဟာ ထိပ်ပိုင်းကို အပြောင်းအလဲ တစ်ချို့ လုပ်လာပါတယ်။

Samsung ဟာ Mobile Business ရဲ့ အကြီးအကဲသစ်အဖြစ် Roh Tae-Moon ကို ခန့်အပ်လိုက်ပါတယ်။ သူဟာ အသက် ၅၁ နှစ်ရှိသေးတာ ဖြစ်ပြီး Samsung ရဲ့ အသက်ငယ်ဆုံး ဥက္ကဌ ဖြစ်ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ်များမှာ Jay Y Lee အပါအဝင် ထိပ်တန်းအမှုဆောင်အချို့တို့ တရားရင်ဆိုင်နေမှုကြောင့် ဦးဆောင်မှုအပိုင်းအပြောင်းအလဲ လုပ်ရေးကို ရွေ့ဆိုင်းထားခဲ့ရာမှာ ယခုမှ စတင် အပြောင်းအလဲ လုပ်လာတာ ဖြစ်ပါတယ်။

ယခင်တုန်းက မိုဘိုင်းဌာနကို ဦးဆောင်ခဲ့တဲ့ DJ Koh က Samsung IT & Mobile Communications (IM) ဌာနကို ဆက်လက်ဦးဆောင်သွားဦးမှာလည်း ဖြစ်ပါတယ်။ သူဟာ မိုဘိုင်းအပြင် Network Equipment ပိုင်းကိုလည်း ကြီးကြပ်ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်း ကုမ္ပဏီအဖြစ် ကာလရှည်ကြာ ရပ်တည်လာခဲ့တဲ့ Samsung ဟာ ၂၀၁၉ ခုနှစ်မှာလည်း စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် Huawei ရဲ့ တဖြည်းဖြည်းကပ်လိုက်ကာ ခြိမ်းခြောက်မှုဒဏ် ခံနေရပါတယ်။

Related Articles