You are here

ဗြိတိန် ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်ရဲ့ 5G ဆုံးဖြတ်ချက်ကြောင့် ဒေါ်နယ်ထရန်းအစိုးရ ဒေါသထွက်လာဖို့ရှိ

Mobile
Huawei
Technology
Telecom

ပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ ဗြိတိန်သို့ လာရောက်ခဲ့ပြီး အမေရိကန်က ဘာကြောင့် Huawei 5G Equipment ကို မသုံးရသလဲဆိုတာ ပြောပြခဲ့ပါတယ်။ အမေရိကန်ဟာ တရုတ်အစိုးရက ကုမ္ပဏီများကို စပိုင်အဖြစ် အသုံးချနိုင်တဲ့ ဥပဒေကို အကြောင်းပြခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက Huawei 5G Equipment များမှာ ဒေတာများ ရယူဖို့အတွက် Backdoor ပါဝင်ဖို့ သေချာနေတယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် Huawei က Backdoor ဖန်တီးထားတယ်ဆိုတာ ဘယ်သူမှ ရှာဖွေတွေ့ရှိခဲ့ဖူးခြင်း မရှိပါဘူး။

ဂျပန်၊ ဩစတြေးလျစတဲ့ နိုင်ငံများက အမေရိကန်အစိုးရ သတိပေးမှုအတိုင်း လိုက်နာကာ Huawei 5G Equipment ကို မသုံးဖို့ ဆုံးဖြတ်ထားကြပေမယ့် ဂျာမနီကတော့ ဂရုမစိုက်ပါဘူး။ ယခု ဗြိတိန်ကလည်း အမေရိကန်အစိုးရ ပြောကြားတဲ့အတိုင်း မလိုက်နာဘဲ Huawei 5G Equipment သုံးလာဖို့ ရှိနေပါတယ်။

ဗြိတိန်အစိုးရက Huawei 5G Equiment မှာ အမေရိကန်အစိုးရ ပြောထားသလို Backdoor ပါဝင်တယ်ဆိုရင်တောင် နိုင်ငံလုံခြုံရေးအတွက် ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ကာကွယ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ အခြားတစ်ဖက်မှာ ဗြိတိန်ရဲ့ ထိပ်သီးတယ်လီကွန်းများ ဖြစ်ကြတဲ့ BT နှင့် Vodafone ကလည်း Huawei 5G Equipment ကို မသုံးဘူးဆိုရင် အသစ် ပြန်လည်တပ်ဆင်မှုအတွက် ကုန်ကျစရိတ် အလွန်မြင့်မားလာမှာ ဖြစ်တာကြောင့် Huawei နှင့်ဘဲ ဆက်လက် လက်တွဲလိုနေပါတယ်။

Related Articles