You are here

လွတ်လပ်တဲ့ အမှတ်တံဆိပ် အဖြစ် ရပ်တည်သွားတော့မယ့် POCO

Mobile
Technology

Xiaomi ဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးတုန်းက Pocophone F1 ကို ကြေညာ ရောင်းချခဲ့ပါတယ်။ Pocophone F1 မှာ အဆင့်မြင့် စနစ်များ အသုံးပြုထားပေမယ့် ဈေးနှုန်းက အလယ်အလတ်တန်းစမတ်ဖုန်း ဈေးနှုန်းဘဲ သတ်မှတ်ထားတာကြောင့် ဈေးကွက်ထဲမှာ လူကြိုက်များခဲ့ပါတယ်။

Poco ဟာ စမတ်ဖုန်းတစ်လုံးတည်းသာ ထုတ်လုပ် ရောင်းချရသေးပေမယ့်လည်း ယခုအခါ လွတ်လပ်တဲ့ အမှတ်တံဆိပ်တစ်ခု အဖြစ် ရပ်တည်သွားတော့မှာ ဖြစ်ပါတယ်။

Xiaomi India CEO မာနူးကူမားဂျိုင်းက POCO အမှတ်တံဆိပ်မှာ လွတ်လပ်တဲ့ အမှတ်တံဆိပ်အဖြစ် ရပ်တည်သွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ Xiaomi ဟာ Redmi ကိုလည်း လွတ်လပ်တဲ့ အမှတ်တံဆိပ်အဖြစ် ရပ်တည်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။

POCO ဟာ Redmi လိုဘဲ Xiaomi ရဲ့ နည်းပညာများကိုဘဲ အသုံးပြုသွားမှာ ဖြစ်ပြီး ဖြန့်ချိမှုနှင့် ဈေးကွက်ထိုးဖောက်မှုကိုဘဲ သီးသန့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

POCO ဟာ ယခုနှစ် Pocophone F2 ကို ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီဖုန်းကို မတ်လမကုန်ခင် ကြေညာလာဖို့ ရှိပါတယ်။

Related Articles