You are here

Samsung Galaxy Z Flip ဈေးနှုန်းမှ ဒေါ်လာ ၈၆၀ မှ ဒေါ်လာ ၁၃၀၀ အတွင်း ဖြစ်လာမည်

Mobile
Samsung
Technology

လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Samsung ဟာ Galaxy S20 စီးရီးကို ကြေညာသွားပါမယ်။ တောင်ကိုရီးယားထိပ်သီးနည်းပညာကုမ္ပဏီဟာ Galaxy S20 စီးရီးနှင့်အတူ Galaxy Z Flip စမတ်ဖုန်းကိုလည်း ကြေညာသွားပါမယ်။ Samsung Galaxy Z Flip မှာလည်း Motorola Razr 2019 လိုမျိုး ဒီဇိုင်းမျိုး အသုံးပြုလာပါမယ်။ Motorola Razr 2019 ရဲ့ ဈေးနှုန်းက ဒေါ်လာ ၁၅၀၀ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖုန်းမှာ အလယ်အလတ်တန်း စနစ်များမှာ အသုံးပြုထားတာကြောင့် စိတ်ပျက်စရာပါ။ ယနေ့မှာ တောင်ကိုရီးယားမီဒီယာများက Samsung Galaxy Z Flip ရဲ့ ဈေးနှုန်းကို ခန့်မှန်းဖော်ပြလာပါတယ်။ Galaxy Z Flip က Razr ထက် ဈေးနှုန်းများစွာ သက်သာလာပါမယ်။

INews24 မှာ ဖော်ပြချက်အရ Samsung Galaxy Z Flip ရဲ့ ဈေးနှုန်းက ဝမ် ၁ သန်း (ဒေါ်လာ ၈၆၅)မှ ဝမ် ၁.၅ သန်း (ဒေါ်လာ ၁၂၉၅) အတွင်း ဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒီဈေးနှုန်းကို ကြည့်လိုက်ရင် Motorola Razr 2019 ထက် များစွာ သက်သာနေတာ တွေ့ရပါမယ်။ Motorola Razr 2019 မှာ Snapdragon 710 SoC သာ အသုံးပြုထားပြီး Galaxy Z Flip မှာ Snapdragon 855 အသုံးပြုလာမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Flip (Rumored)

Samsung Galaxy Z Flip မှာ မျက်နှာပြင် ၆.၇ လက်မ Infinity-O Display သုံးလာပါမယ်။ Punch-Hole မှာ ရှေ့ကင်မရာ 10MP ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ဒီဖုန်းက Ultra-Thin Glass (UTG) အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါမယ်။

ကျောဘက်မှာ Notifications အတွက် သေးငယ်တဲ့ ရုပ်ထွက်ပါဝင်လာမှာ ဖြစ်ပြီး ကင်မရာနှစ်လုံး ပါဝင်ပါမယ်။ ဘက်ထရီ 3300 mAh ပါဝင်ပါမယ်။ Motorola Razr 2019 မှာ ဘက်ထရီ 2510 mAh ဘဲ ပါဝင်ပါတယ်။ Galaxy Z Flip ဗူးအတွင်းမှာ 15W Fast Charger ထည့်သွင်းပေးထားပါမယ်။

Samsung ဟာ Galaxy Z Flip ကို အလုံးရေ ၆ သန်းအထိ ရောင်းချရဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

Related Articles