You are here

Samsung Galaxy S20 တွင် သုံးလာမယ့် ကင်မရာစနစ်များ ထွက်ပေါ်လာ

Mobile
Technology

Ice Universe ဟာ Samsung Galaxy S20 မိသားစုမှာ အသုံးပြုလာမယ့် ကင်မရာဆင်ဆာများနှင့်ပတ်သက်ပြီး ဖွင့်ချလာပါတယ်။ ယခု ပေါက်ကြားမှုအရ Samsung ဟာ Galaxy S20 စီးရီးမှာ Sony နှင့် Samsung ထုတ် ဆင်ဆာများကို မျှတစွာ အသုံးပြုထားတာ တွေ့ရပါတယ်။

Galaxy S20 စီးရီးမှာ အမြင့်ဆုံးစမတ်ဖုန်း ဖြစ်လာမယ့် Samsung Galaxy S20 Ultra မှာ သုံးလာမယ့် ကျောဘက်ကင်မရာလေးလုံးက 108MP S5KHM1+48MP Sony IMX586 (Zoom Camera)+44MP S5KGH1 (Ultrawide)+ToF Sony IMX518 ဖြစ်ပြီး ရှေ့ကင်မရာက 10MP Sony IMX375 ဖြစ်ပါတယ်။

Samsung Galaxy S20+ မှာလည်း ကျောဘက်ကင်မရာလေးလုံးပါဝင်လာမှာ ဖြစ်ပြီး 12MP Sony IMX555+64MP S5KGW+12MP S5K2LA+ToF Sony IMX516 ဖြစ်ပါတယ်။ ရှေ့ကင်မရာက 10MP Sony IMX375 ဖြစ်ပါတယ်။

Samsung Galaxy S20 စီးရီးမှာ ဈေးနှုန်းအသက်သာဆုံး ဖြစ်လာမယ့် Galaxy S20 မှာ ကျောဘက်ကင်မရာသုံးလုံးဘဲ ပါဝင်လာပါမယ်။ ဒီဖုန်းမှာ သုံးလာမယ့် ကျောဘက်ကင်မရာသုံးလုံးက 12MP Sony IMX555+64MP S5KGW+12MP S5K2LA ဖြစ်ပြီး ရှေ့ကင်မရာက 10MP Sony IMX375 ဖြစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးမှာ သုံးလာမယ့် ရှေ့ကင်မရာက Galaxy S10 ၊ Galaxy Note10 တို့မှာ သုံးထားတဲ့ ဆင်ဆာနဲ့အတူတူ ဖြစ်ပါတယ်။

Samsung Galaxy S20 စီးရီးကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ နယူးယောက်မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ယင်းပွဲမှာ Galaxy Z Flip နှင့် Galaxy Buds+ တို့ကိုလည်း ကြေညာလာမှာ ဖြစ်ပါတယ်။

Related Articles