You are here

IP69K ၊ Helio P90 Chipset ၊ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး Module တပ်ဆင်သုံးနိုင်တဲ့ အကြမ်းခံ စမတ်ဖုန်း DooGee S95 Pro ကို ရောင်းချနေပြီ

Gadgets
Mobile
Technology

အကြမ်းခံစမတ်ဖုန်း DooGee S95 Pro ကို ရောင်းချလာပြီ ဖြစ်ပါတယ်။ DooGee S95 Pro က Motorola စမတ်ဖုန်းများလိုဘဲ အခြား Module များနှင့် လိုသလို တပ်ဆင် အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

DooGee S95 Pro က IP69K ရရှိထားပြီး ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်တဲ့အပြင် MIL-STD 810G ရရှိထားတာကြောင့် ပြုတ်ကျမှုဒဏ်လည်း ခံနိုင်ပါတယ်။ အကြမ်းခံ စမတ်ဖုန်းဖြစ်တာနဲ့အညီ ဖုန်းအထူက ၁၃.၈ မီလီမီတာအထိ ရှိပြီး အလေးချိန် ၂၈၅ ဂရမ်ရှိပါတယ်။

ဒီဖုန်းမှာ ဘက်ထရီ 5000 mAh ပါဝင်ပြီး USB Type C မှ တဆင့် 24W (12V/2A) ဖြင့် အားသွင်းနိုင်ပါမယ်။ ဒီဖုန်းကို ဝယ်ယူအသုံးပြုသူများအနေဖြင့် ဘက်ထရီ 3500 mAh ပါ Case ကိုလည်း ဝယ်သုံးနိုင်ပါတယ်။ ဒါ့အပြင် 6W Speaker ကာဗာလည်း တပ်သုံးနိုင်ပါတယ်။ စပီကာကာဗာမှာ ဘက်ထရီ 2000 mAh လည်း တပါတည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။

ဒီဖုန်းက အကြမ်းခံစမတ်ဖုန်းဆိုပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ MediaTek Helio G90 ၊ RAM8GB နှင့် အထိုင်ချထားကာ Storage 128GB UFS 2.0 ပါဝင်ပါတယ်။ microSD ကနေ 512GB အထိ ထပ်တိုးနိုင်ပါတယ်။

DooGee S95 Pro မှာ မျက်နှာပြင် ၆.၃ လက်မ 1080p IPS LCD နှင့် 18:9 Aspect Ratio သုံးထားပါတယ်။ Gorilla Glass 4 မှန်သုံးထားပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပါတယ်။ အဓိကကင်မရာက 48MP Sony IMX582 ဖြစ်ပြီး 4K@30fps ဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ ဒုတိယကင်မရာက ၁၁၇ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP နဲ့ တတိယကင်မရာက 8MP Depth Sensor ဖြစ်ပါတယ်။ နောက်ဆုံးကကင်မရာကတော့ 2MP Macro ကင်မရာ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး ၈၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါတယ်။

DooGee S95 Pro ကို ဈေးနှုန်း ဒေါ်လာ ၃၇၅ သတ်မှတ်ထားပါတယ်။ ဘက်ထရီ 3500 mAh ပါ Case ၊ စပီကာ Case တို့ပါ ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၄၇၉ ဖြင့် ဝယ်ယူနိုင်ပါမယ်။

Related Articles