You are here

CES 2020 တွင် စမတ်ဖိနပ်ကို Huami Amazfit ကြေညာလာမလား

Gadgets
Technology

ကမ္ဘာ့အကြီးမားဆုံး စမတ်လက်ပတ်/နာရီ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Huami ဟာ လော့စ်ဗီးဂက်စ်မှာ ကျင်းပမယ့် Consumer Electronic Show (CES) 2020 ပွဲမှာ Product သစ်များကို ကြေညာဖို့ လုပ်ဆောင်နေပါတယ်။ Huami ဟာ သူတို့ရဲ့ Product သစ်များကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ CES 2020 ပွဲမှာ ပြသပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းကို ရယူသွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Huami က CES 2020 မှာ ဘယ် Product ကြေညာမယ်ဆိုတာ မပြောသေးပေမယ့် စမတ်နာရီမဟုတ်တဲ့ အခြား Product လိုဘဲ ဆိုထားပါတယ်။ Huami ရဲ့ CES 2020 ပွဲကြေညာပိုစတာမှာ အမျိုးသမီးပြေးနေတဲ့ပုံကို သုံးထားပြီး ဖိနပ်၊ လက်ပတ်၊ နားတို့ကို အလင်းဖြင့် Highlight လုပ်ထားတာပါတယ်။ ဒါကြောင့် Huami က ကြေညာလာမယ့် Product သစ်ထဲမှာ စမတ်ဖိနပ်လည်း တစ်ခုအပါအဝင်လို့ ယူဆရပါတယ်။

Related Articles