You are here

Vivo X30 တွင် အဓိကကင်မရာ 64MP နှင့် Portrait Shots အတွက် 32MP ကင်မရာပါဝင်မည်

Mobile
VIVO
Technology

Vivo X30 ကို လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ Vivo X30 မှာ ကျောဘက်ကင်မရာလေးလုံးပါဝင်လာမှာ ဖြစ်ပြီး ဒီဖုန်းမှာ Portrait Camera ၊ Telephoto Camera တို့ ပါဝင်လာမယ်ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ ယနေ့မှာ Vivo ဟာ X30 ရဲ့ ကျောဘက်ကင်မရာလေးလုံးမှ အဓိကကင်မရာမှာ 64MP ဖြစ်ကြောင်း အတည်ပြုလာပါတယ်။ Vivo X30 ရဲ့ ကျန်ကင်မရာသုံးလုံးနှင့်ပတ်သက်ပြီးတော့လည်း သိခွင့်ရလာပါတယ်။

Vivo ဟာ X30 မှာ 50mm Lens သုံးပရော်ဖက်ရှင်နယ်ကင်မရာဖြင့် ရိုက်ကူးတဲ့ Portrait ဓာတ်ပုံကို ယှဉ်ပြိုင်နိုင်တဲ့ Portrait Camera ပါဝင်လာမယ်လို့ အစောပိုင်းကတည်းက အတည်ပြုပြီး ဖြစ်ပါတယ်။ ယင်း Portrait Camera က 32MP ဖြစ်လာပါမယ်။  ကျန်ကင်မရာများက 8MP Ultrawide နှင့် 13MP Telephoto ကင်မရာတို့ ဖြစ်ပါတယ်။

Vivo X30 ရဲ့ ကျောဘက်ကင်မရာများကို OIS နှင့် EIS ထောက်ပံ့လာမှာ ဖြစ်ကြောင်း သိရပါတယ်။

Vivo X30 ကို Exynos 980 Chipset နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး 5G Modem ပါဝင်လာပါမယ်။

Related Articles