You are here

မြင့်မားတဲ့ Screen-to Body Ratio နှင့် 10th Gen Intel Processor အသုံးပြုထားတဲ့ RedmiBook 13

Gadgets
Laptop
Technology

Redmi ဟာ Redmi K30 နှင့်အတူ RedmiBook 13 ကိုလည်း ကြေညာလာပါတယ်။ RedmiBook 13 မှာ အနားသပ်မဲ့ရုပ်ထွက်၊ မာကြောတဲ့ သတ္တုကိုယ်ထည်၊ 10Wh ဘက်ထရီ၊ 10th Gen Intel CPU တို့ ပါဝင်ပါတယ်။ RedmiBook 13 က A4 စာရွက်ထက်တောင် သေးငယ်တဲ့အပြင် အလေးချိန်ကလည်း ၁.၂၃ ကီလိုဂရမ်ဘဲ ရှိပါတယ်။

RedmiBook 13 မှာ မျက်နှာပြင် ၁၃.၃ လက်မ IPS FHD ရုပ်ထွက်သုံးထားပြီး Screen-to Body Ratio က ၈၉ ရာခိုင်နှုန်း ရှိပါတယ်။

RedmiBook 13 ကို Intel i5-10210U (သို့မဟုတ်)i7-105120U နှင့် ပါဝါထောက်ပံ့ထားပြီး 8GB DDR4 RAM ၊ 512GB SSD Storage တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဗားရှင်းနှစ်မျိုးလုံးမှာ Nvidia GeForce MX250 GPU ၊ 2GB GDDR VRAM တို့ပါဝင်ပါတယ်။ i5 မော်ဒယ်မှာလည်း GPU ပါဝင်ပြီးဖြစ်ပါတယ်။

RedmiBook 13 မှာ USB 3.1 ပေါက် နှစ်ခု၊ HDMI ပေါက် တစ်ခု၊ နားကြပ်ပေါက်နှင့် အားသွင်းပေါက်တစ်ခုတို့ ပါဝင်ပါတယ်။ ဘက်ထရီ 40whr ပါဝင်ပြီး 1C Fast Charging ထောက်ပံ့ထားကာ ဘက်ထရီ ၁၁ နာရီကြာ အသုံပြုနိုင်ပါမယ်။

ဆော့ဝဲလ်ပိုင်းအနေဖြင့် Windows 10 Home သုံးထားပြီး Office Student Edition ကို တပါတည်း သွင်းထားပြီး ဖြစ်ပါတယ်။ Redmi ဟာ လက်တော့ပ်ကို Xiaomi/Redmi စမတ်ဖုန်းများနှင့် ဖိုင်အပြောင်းအရွှေ့လုပ်မှုကို အလွယ်တကူ ပြုလုပ်နိုင်အောင်လည်း လုပ်ဆောင်ပေးထားပါတယ်။

RedmiBook 13 ရဲ့ အခြေခံဗားရှင်းဈေးနှုန်းက ဒေါ်လာ ၅၉၇ ဖြစ်ပါတယ်။ i5 (GeForce MX250) ကို ဈေးနှုန်း ဒေါ်လာ ၆၄၀ သတ်မှတ်ထားကာ i7 မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၇၃၉ သတ်မှတ်ထားပါတယ်။ ဒီလက်တော့ပ်များကို မနက်ဖြန် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ နိုင်ငံတကာဈေးကွက်မှာ ဘယ်တော့ ဝယ်ယူနိုင်မလဲဆိုတာ မပြောသေးပါဘူး။

Related Articles