You are here

အနာဂတ်တွင် ကိုယ်ပိုင် Chipset ဖန်တီးလာနိုင်ကြောင်း OPPO VP ပြောကြား

Mobile
Technology

Future Technology Conference 2019 မှာပြုလုပ်တဲ့ အင်တာဗျူးမှာ OPPO VP လူချင်က ၎င်းတို့မှာ ကိုယ်ပိုင် Chipset ထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် မဝေးတော့တဲ့အနာဂတ်ကာလမှာ အသုံးပြုလာနိုင်ကြောင်း ပြောကြားသွားပါတယ်။ OPPO ဟာ ကိုယ်ပိုင် Chipset ဖန်တီးရာမှာ တော်တော် ခရီး ရောက်နေပြီလို့ ယူဆရပြီး လာမယ့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC 2020 မှာ ကိုယ်ပိုင် Chipset ကို ကြေညာလာဖို့ ရှိပါတယ်။

OPPO ဟာ ကိုယ်ပိုင် Chipset ဖန်တီးနိုင်ဖို့ လုပ်ဆောင်နေတာ အတန်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့ဟာ Chipset အမည်အတွက် OPPO M1 အမည်ကို မူပိုင်ခွင့် ရယူထားပြီးလည်း ဖြစ်ပါတယ်။

Huawei ဟာ R & D အတွက် ငွေကြေးအမြောက်အမြားရင်းနှီးမြှပ်နှံကာ ကိုယ်ပိုင် နည်းပညာများကို အသုံးပြုနိုင်ရေး လုပ်ဆောင်လာခဲ့တာ ကြာမြင့်လာပြီ ဖြစ်ပါတယ်။ လက်ရှိ OPPO စမတ်ဖုန်းများမှာ အသုံးပြုနေတဲ့ VOOC Flash Charging Chips များက OPPO ကိုယ်တိုင် နည်းပညာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ OPPO တို့ ဖန်တီးနေတဲ့ OPPO M1 Chipset နှင့်ပတ်သက်တဲ့ အချက်အလက်များကိုတော့ မသိရသေးပါဘူး။

တကယ်လို့များ OPPO အနေဖြင့် ကိုယ်ပိုင် Chipset သာ အသုံးပြုလာမယ်ဆိုရင် စမတ်ဖုန်းအတွက် များစွာ အကျိုးရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းဈေးကွက်မှာ Apple ၊ Samsung ၊ Huawei တို့သာ ကိုယ်ပိုင် Chipset များကို အသုံးပြုနေတဲ့ သုံးခုတည်းသော စမတ်ဖုန်းကုမ္ပဏီများ ဖြစ်ပါတယ်။

Related Articles