You are here

iPhone 11 လို ကင်မရာဒီဇိုင်း၊ Punch-Hole Selfie Camera ပါဝင်တဲ့ Huawei Nova 6 SE ကို ကြေညာ

Mobile
Huawei
Technology

Huawei ဟာ Huawei Nova 6 5G ၊ Nova 6 တို့နဲ့အတူ Huawei Nova 6 SE ကိုလည်း ကြေညာလာပါတယ်။ Huawei Nova 6 SE က Nova 6 နှင့် Nova 6 5G တို့လို အဆင့်မြင့် စမတ်ဖုန်းဗားရှင်းမဟုတ်ဘဲ အလယ်အလတ်တန်း ဗားရှင်း ဖြစ်ပါတယ်။ Huawei Nova 6 SE မှာ ကျောဘက်ကင်မရာလေးလုံးကို iPhone 11 လို စတုရန်းကွက်ထဲမှာ ထည့်သွင်းထားပါတယ်။

ဒါ့ပေမယ့် Huawei Nova 6 SE မှာ ရှေ့ကင်မရာကို Punch-Hole Design မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဒီဇိုင်းလိုဘဲ ကျောဘက်ကလည်း အဆင့်မြင့် စမတ်ဖုန်းဒီဇိုင်းမျိုး ဖန်တီးထားပါတယ်။ Huawei Nova 6 SE ရဲ့ ကျောဘက်မှာ ကျောဘက်ကင်မရာလေးလုံး၊ LED Flash တို့  ပါဝင်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး ကျောဘက်ကင်မရာလေးလုံးမှာ အဓိကကင်မရာက 48MP ဖြစ်ပါတယ်။

Huawei Nova 6 SE မှာ မျက်နှာပြင် ၆.၄ လက်မ LCD FHD+ ရုပ်ထွက်သုံးထားပါတယ်။ Kirin 810 Chipset ၊ RAM8GB နှင့် အထိုင်ချထားကာ Storage 128GB ပါဝင်ပါတယ်။ ဘက်ထရီ 4200 mAh ပါဝင်ကာ 40W Super-Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။

Huawei Nova 6 SE မှာ ကျောဘက်ကင်မရာလေးလုံးက 48MP+8MP Ultrawide+2MP Macro+2MP Depth တို့ ဖြစ်ပါတယ်။

Huawei Nova 6 SE ကို Magic Night Black ၊ Cherry Snow Sky ၊ Qijing Forest အရောင်သုံးမျိုးတို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းက ဒေါ်လာ ၃၁၁ ဖြစ်ပါတယ်။ ဒီဖုန်းကို ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စတင် ရောင်းချသွားပါမယ်။

 

Related Articles