You are here

Snapdragon 855+ အသုံးပြုထားပြီး ဈေးနှုန်း ဒေါ်လာ ၃၆၈ သာ သတ်မှတ်ထားတဲ့ iQOO Neo 855 Racing Edition ကို ကြေညာ

Gaming
Mobile
VIVO
Technology

iQOO ဟာ ဂိမ်းစမတ်ဖုန်းသစ် iQOO Neo 855 Racing Edition ကို တရုတ်မှာ ကြေညာလာပါတယ်။ iQOO Neo 855 Racing Edition က အောက်တိုဘာလထွက် iQOO Neo 855 နှင့် Processor ပိုင်းမှာသာ ကွဲပြားပြီး ကျန်တဲ့အချက်တွေမှာ အတူတူ ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၃၆၈ သတ်မှတ်ထားပါတယ်။

iQOO Neo 855 Racing Edition Specifications

iQOO Neo 855 Racing Edition မှာ မျက်နှာပြင် ၆.၃၈ လက်မ Super AMOLED သုံးထားပြီး In-Display Fingerprint Scanner သုံးထားပါတယ်။ 19:5:9 Aspect Ratio သုံးထားကာ Full HD+(080x2340px Resolution) သုံးထားပါတယ်။

2.963GHz Octa-core Processor ဖြစ်တဲ့ Snapdragon 855+ Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM12GB ဗားရှင်းအထိ ရွေးချယ်နိုင်ပြီး Storage 128GB UFS 3.0 ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ မရတော့ပါဘူး။

Android 9.0 Pie အခြေခံ FunTouch OS 9  သုံးထားပြီး Monster UI သုံးထားပါတယ်။ ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Multi-Turbo ၊ Game Box ၊ Game Space 2.5 တို့ ပါဝင်ပါတယ်။

iQOO Neo 855 Racing Edition မှာ ဘက်ထရီ 4500 mAh ပါဝင်ကာ 33W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ ဂိမ်းစွမ်းဆောင်ရည်အမြဲကောင်းနေဖို့အတွက် Cooling Liquid ၊ Heat Pipes တို့ ပါဝင်ပါတယ်။

ကျောဘက်မှာ ကင်မရာသုံးလုံးနှင့် LED Flash တို့ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးက 12MP f/1.9+8MP f/2.2 Ultrawide+2MP f/2.4 Depth Sensor တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP f/2.0 ဖြစ်ပါတယ်။ ဒီဖုန်းမှာ HDR ၊ Panorama ၊ Super Night Scene 2.0 ၊ Professional Mode ၊ AI Scene Detection နှင့် အခြားစနစ်များ ပါဝင်ပါတယ်။

Dual SIM ထောက်ပံ့ထားပြီး 4G VoLTE ၊ Bluetooth 5.0 ၊ GPS ၊ USB Type C ၊ နားကြပ်ပေါက်၊ Wi-Fi 802.11ac တို့ ပါဝင်ပါတယ်။

iQOO Neo 855 Racing Edition ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

iQOO Neo 855 Racing Edition ကို ဗားရှင်းနှစ်မျိုးနှင့် ရွေးချယ်နိုင်ပါမယ်။ RAM8GB+128GB ကို ဒေါ်လာ ၃၆၈ ၊ RAM12GB+128GB ကို ဒေါ်လာ ၃၉၆ သတ်မှတ်ထားပါတယ်။ အရောင်များအနေဖြင့် Iceland Aurora ၊ Carbone Black ၊ Light Mint အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

ဒီဖုန်းကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Related Articles