You are here

48MP ကင်မရာ၊ ဘက်ထရီ 5000 mAh ပါဝင်တဲ့ Realme 5s

Mobile
Technology

Realme 5s ကို တရားဝင်ကြေညာလာပြီ ဖြစ်ပါတယ်။ Realme 5s က Realme 5 ကို အဆင့်မြင့်ထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ အသစ်ကြေညာလာတဲ့ Realme 5s မှာ ကျောဘက်ကင် မရာလေးလုံးအထိ ပါဝင်လာပြီး အဓိကကင်မရာက 48MP Samsung GM1 ဖြစ်ပါတယ်။ Realme 5 တုန်းက အဓိကကင်မရာက 12MP ဖြစ်ပါတယ်။ ကျန်ကင်မရာသုံးလုံးဖြစ်တဲ့ ၁၁၉ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP၊ 2MP Macro နှင့် 2MP Depth Sensor တို့က အတူတူ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ Realme 5s ကို ခရမ်းရောင်၊ အပြာရောင်အပြင် အနီရောင်နှင့်လည်း ရွေးချယ် လာနိုင်တာ ဖြစ်ပါတယ်။ Realme 5s ရဲ့ အခြေခံဗားရှင်းမှာ RAM4GB+64GB ဖြစ်ပြီး RAM4GB+128GB ဗားရှင်းကိုလည်း ရွေးချယ်နိုင်ပါတယ်။

Realme 5s မှာ မျက်နှာပြင် ၆.၅ လက်မ 720p+ ရုပ်ထွက်၊ Snapdragon 665 Chipset ၊ ဘက်ထရီ 5000 mAh ပါဝင်ပါတယ်။

Realme 5s ကို အိန္ဒိယဈေးကွက်မှာ ပထမဆုံး ရောင်းချမှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၉ မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Realme 5s ရဲ့ 4/64GB ကို ဒေါ်လာ ၁၃၉ နဲ့ 4/128GB ကို ဒေါ်လာ ၁၅၃ သတ်မှတ်ထားပါတယ်။

Related Articles