You are here

Punch-Hole Design ၊ ကျောဘက်ကင်မရာလေးလုံးပါဝင်တဲ့ Vivo S5 ကို ကြေညာ

Mobile
VIVO
Technology

Vivo ဟာ ဒီဇိုင်းပိုင်း အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ စမတ်ဖုန်းသစ်အဖြစ် Vivo S5 ကို ကြေညာလာပါတယ်။ Vivo S5 ကို Snapdragon 712 SoC ၊ RAM8GB နှင့် အထိုင်ချထားပြီး Android Pie အခြေခံ FunTouch OS 9.2 သုံးထားကာ Storage 128GB နဲ့ 256GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါတယ်။

Vivo S5 မှာ မျက်နှာပြင် ၆.၄၄ လက်မ Super AMOLED 2400x1800px Resolution သုံးထားပြီး 20:9 Aspect Ratio သုံးထားပါတယ်။ Screen-to Body Ratio က ၉၁.၃၈ ရာခိုင်နူန်းအထိ ရှိပါတယ်။ In-Display Fingerprint Scanner ပါဝင်ပါတယ်။

Screen မှာ Punch-Hole ပါဝင်ပြီး ယင်းမှာ ရှေ့ကင်မရာ 32MP ထည့်သွင်းထားပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံးကို စိန်ပွင့် ဒီဇိုင်းအတွင်းမှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာ လေး လုံးက 48MP+8MP Ultrawide+5MP Depth+2MP Macro ဖြစ်ပါတယ်။

Vivo S5 ကို Icelandic Blue ၊ Phanton Blue ၊ Star Black အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီ 4100 mAh ပါဝင်ပြီး 22.5W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

Vivo S5 ရဲ့ RAM8GB/128GB ကို ဒေါ်လာ ၃၈၅ နဲ့ RAM8GB/256GB ကို ဒေါ်လာ ၄၂၇ ဖြစ်ပါတယ်။

ဒီဖုန်းကို လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အခြားဈေးကွက်တွေမှာ ဘယ်တော့ ရောင်းချလာမလဲဆိုတာကိုတော့ မသိသေးပါဘူး။

Related Articles