You are here

Snapdragon 710 SoC အသုံးပြုထားတဲ့ ခေါက်နိုင်တဲ့ရုပ်ထွက်ပါစမတ်ဖုန်း Motorola RAZR ကိုကြေညာ

Mobile
Technology

လပေါင်းစွာ သတင်းပေါက်ကြားမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့တဲ့ Motorola Razr ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကို တရားဝင် ကြေညာလာခဲ့ပြီ ဖြစ်ပါတယ်။ Motorola Razr က ယမန်မိုဘိုင်းဖုန်းခေတ် Razr ခေါက် ဖုန်းမှာ ခေါက်နိုင်တဲ့ ရုပ်ထွက် ထည့်သွင်းပြီး ဒီဇိုင်း အပြောင်းအလဲတွေ လုပ်ကာ ဖန်တီးလာတာလည်း ဖြစ်ပါတယ်။ Motorola Razr ရဲ့ ဈေးနူန်းက ဒေါ်လာ ၁၄၉၉ ဖြစ်ပါတယ်။

Motorola Razr Specifications နဲ့ Features

Motorola Razr မှာ Flex View p-OLED ရုပ်ထွက်သုံးကာ မျက်နှာပြင်က ၆.၂ လက်မ ဖြစ်ပါတယ်။ 2142x876px Resolution နှင့် 21:9 Aspect Ratio သုံးထားပါတယ်။  ဖုန်းကို မခေါက်ထားတဲ့အချိန်မှာ ဖုန်းရဲ့အတိုင်းအတာက ၁၇၁.၅x၇၁.၉၅x၇.၀၆ မီလီမီတာ ရှိပါတယ်။ အလေးချိန် ၂၀၅ ဂရမ်ရှိပါတယ်။

Samsung Galaxy Fold နဲ့ Huawei Mate X တို့က ဖုန်းကို ဖြန့်ထားချိန်မှာ Tablet အဖြစ် သုံးနိုင်ပေမယ့် Motorola Razr ကတော့ ဖြန့်ထားချိန်မှာမှ ပုံမှန်စမတ်ဖုန်းတစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ခေါက်ထားချိန်မှာ ဖုန်းအတွင်းဝင်ရောက်လာတဲ့ Notifications များကို သိနိုင်ဖို့အတွက် ၂.၆၉ လက်မရှိ Quick View ဒုတိယရုပ်ထွက်ပါဝင်ပါတယ်။ 800x600px Resoution ရုပ်ထွက်သုံးထားပါတယ်။ ဖုန်းကို ခေါက်ထားချိန်မှာ  ၉၄.၅x၇၁.၉၅x၁၄.၀၆ မီလီမီတာဘဲ ရှိပါတယ်။ အသုံးပြုသူများအနေဖြင့် ဒုတိယရုပ်ထွက်များ ကို Message များကို စာပြန်ခြင်းတို့ ပြုလုပ်နိုင်ပါမယ်။  Quick View မှာ Google Assistant လည်း ပါဝင်ပါတယ်။

Motorola Razr ကို Snapdragon 710 ၊ RAM6GB နှင့် အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ ဘက်ထရီ 2510 mAh ပါဝင်ကာ USB Type C မှ တဆင့် 15W TurboPower ဖြင့် အားသွင်းနိုင်ပါမယ်။ Android 9 Pie ပါဝင် ပါတယ်။

Motorola Razr ရဲ့ အဓိကမျက်နှာပြင်မှာ Notch ပါဝင်ပြီး ယင်းမှာ စပီကာနဲ့ ရှေ့ကင်မရာ 5MP f/2.0 တို့ ပါဝင်ပါတယ်။ Screen Flash စနစ်လည်း ပါဝင်ပါတယ်။ ကျောဘက်မှာ 16MP f/1.7 ပါဝင်ပြီး Dual LED Flash ဖြင့် ထောက်ပံ့ထားပါတယ်။ Autofocus ၊ Laser Autofocus ၊ Dual Pixel Autofocus ၊ Night Vision Mode နဲ့ EIS တို့ ပါဝင်ပါတယ်။

ဒီဖုန်းမှာ မိုက်ခရိုဖုန်းလေးလုံးပါဝင်ပြီး ဖုန်းအောက်ခြေမှာလည်း စပီကာတစ်လုံး ပါဝင်ပါတယ်။ နားကြပ်ပေါက် မပါဝင်သလို microSD လည်း ထောက်ပံ့ထားခြင်း မရှိပါဘူး။ Wi-Fi 802.11ac ၊ Bluetooth 5.0၊ GPS နဲ့ USB Type C တို့ ပါဝင်ပါတယ်။

ဈေးနူန်းနဲ့ ရောင်းချမယ့်ရက်

Motorola Razr ကို ဈေးနူန်း ဒေါ်လာ ၁၄၉၉ သတ်မှတ်ထားပါတယ်။ Noir Black အရောင်တစ်မျိုးတည်းနဲ့ဘဲ ရွေး ချယ်နိုင်ပါမယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး Verison Wireless ကနေ ကြိုတင်အမှာ လက်ခံသွားမှာ ဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ အမေရိကန်မှာ စတင်ရောင်းချသွားပါမယ်။

ဖုန်းဗူးအတွင်းမှာ Razr နားကြပ်၊ Denon Audio သုံး USB Type C နားကြပ်တို့ ပါဝင်ပါတယ်။

Related Articles