You are here

သီချင်းနားထောင်တဲ့အခါ ဈေးအရမ်းကြီးနားကြပ်ကိုမှ ကြိုက်တဲ့သူများအတွက် Cavier AirPods Gold Edition

Apple
Gadgets
Technology

စမတ်နားကြပ်တွေက ဈေးကြီးတယ်ဆိုပေမယ့် အရမ်း အကြီးကြီး မဟုတ်သေးပါဘူး။ ယခု Cavier က ဖန်တီးလာတဲ့ AirPods Pro လောက် ဘယ်နားကြပ်မှ ဈေးကြီးမှာ မဟုတ်ပါဘူး။ ရုရှားပန်းထိမ်ကုမ္ပဏီ Cavier ဟာ ရွှေ ၁၈ ကာရက်ပါဝင်တဲ့ AirPods Pro ကို ဖန်တီးလာပါတယ်။ ရွှေများကို နားကြပ်မှာမသာက အားသွင်းအိမ် မှာလည်း အသုံးပြုထားပါတယ်။

ရွှေအများကြီး အသုံးပြုထားတယ်ဆိုပေမယ့် Cavier AirPods Gold Edition က ပုံမှန် AirPods Pro ထက် အဆမ တန်အလေးကြီးမဟုတ်ပါဘူး။

Cavier AirPods Gold Edition မှာ အပြင်ပိုင်းမှာ ရွှေ အသုံးပြုထားတာကလွဲရင် အတွင်းပိုင်းမှာတော့ ပုံမှန် AirPods Pro နဲ့ အတူတူ ဖြစ်ပါတယ်။ Cavier AirPods Gold Edition ရဲ့ ဈေးနူန်းက ဒေါ်လာ ၆၇၇၉၀ ဖြစ်ပါတယ်။

တကယ်လို့များ AirPods Pro ပရိသတ်များအနေဖြင့် Cavier က ဖန်တီးထားတဲ့ AirPods Pro ကို သုံးချင်တယ်ဆို ရင် ဈေးနူန်း ဒေါ်လာ ၁၅၅၀ သတ်မှတ်ထားတဲ့ စပါးကြီးမြွေရေခွံ/ရွှေတို့နဲ့ ဖန်တီးထားတဲ့ နားကြပ်ကို ဝယ်နိုင်ပါ တယ်။ ယင်းနားကြပ်ဈေးနူန်းက ဒေါ်လာ ၁၅၅၀ ဖြစ်ပါတယ်။

တကယ်လိုများ ပရိသတ်များအနေဖြင့် ယင်းငွေပမာဏအထိ ငွေကြေး သုံးစွဲနိုင်တယ်ဆိုရင် Cavier Store မှာ ဝင် ရောက်ကြည့်ရူအားပေးနိုင်ပါတယ်။

Related Articles