You are here

မျက်နှာပြင် ၆.၅ လက်မ၊ Snapdragon 855 SoC ၊ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး ဈေးနူန်း ဒေါ်လာ ၂၈၂ သာ သတ်မှတ်ထားတဲ့ Meizu 16T

Mobile
Technology

Meizu ဟာ ၂၀၁၉ ခုနှစ် တတိယမြောက် အဆင့်မြင့် စမတ်ဖုန်းအဖြစ် Meizu 16T ကို ကြေညာလာပါတယ်။ ၎င်းတို့ဟာ ဧပြီလတုန်းက Snapdragon 855 သုံးထားတဲ့ Meizu 16s ကိုလည်းကောင်း၊ ဩဂုတ်လတုန်းက Snapdragon 855+ အသုံးပြုထားတဲ့ Meizu 16s Pro ကို ကြေညာခဲ့ပါတယ်။ ယခုကြေညာလာတဲ့ Meizu 16T မှာ Snapdragon 855 အသုံးပြုထားပြီး ဂိမ်းအားပြုဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းမှာ ကြီးမားတဲ့ ရုပ်ထွက်၊ Meizu 16s နဲ့ Meizu 16s Pro တို့ထက် များပြားတဲ့ ဘက်ထရီပါဝင်တဲ့အပြင် ဈေးနူန်းကလည်း အံ့ဩစရာကောင်းလောက်အောင် ဒေါ်လာ ၂၈၂ ဘဲ သတ်မှတ်ထားပါတယ်။

Meizu 16T Specifications နဲ့ Features

Meizu 16T မှာ မှန်ကိုယ်ထည် အသုံးပြုထားပြီး ကိုယ်ထည်က 159.63x78.2x8.3mm ရှိကာ အလေးချိန် 183g ရှိပါတယ်။ မျက်နှာပြင် ၆.၅ လက်မ Super AMOLED သုံးထားပါတယ်။ လက်ရှိ စမတ်ဖုန်းဈေးကွက်မှ အဆင့်မြင့် စမတ်ဖုန်းများလိုဘဲ Screen-to Body Ratio မြင့်မားစွာ ပါဝင်နိုင်အောင် ကျဉ်မြောင်းတဲ့ ဘောင်ထည့်သွင်းထားပါတယ်။ 18:6:9 Aspect Ratio သုံးထားကာ 1080x2232px Resolution ပါဝင်ပါတယ်။ FHD+ ရုပ်ထွက် ဖြစ်ပါတယ်။ Super mTouch In-Display Fingerprint Reader ပါဝင်ကာ ၀.၂ စက္ကန့်ဖြင့် ဖုန်းဖွင့်နိုင်ပါမယ်။

2.8GHz Snapdragon 855 နဲ့ ပါဝါထောက်ပံ့ထားကာ 8GB LPDDRx RAM အထိ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် 256GB UFS 3.0 Storage အထိ ရွေးနိုင်ပါတယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 18W Fast Charging ထောက်ပံ့ထားပါတယ်။

Meizu 16T က ဂိမ်းအားပြု စမတ်ဖုန်းဖြစ်တာနဲ့အညီ Linear Vibration Motor နဲ့ Game Mode 4.0 ပါဝင်ပါတယ်။ စတီရီယိုစပီကာနှစ်ခု ပါဝင်သလို နားကြပ်ပေါက်လည်း ပါဝင်ပါတယ်။ Android 9.0 Pie OS အခြေခံ Flyme 7 UI သုံးထားပါတယ်။ OneMind 3.5AI Engine လည်း ပါဝင်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးပါဝင်ပါတယ်။ အဓိကကင်မရာက 12MP f/1.9 Sony IMX362 Sensor ဖြစ်ပြီး ဒုတိယကင်မရာက ၁၁၈ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP f/1.9 ဖြစ်ပါတယ်။ တတိယကင်မရာက 5MP Depth Sensor ဖြစ်ပါတယ်။ AI Scene Recognition ၊ Super Night Scene Mode နဲ့ Portrait Mode တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Macro Mode လည်းပါဝင်ပါတယ်။  ရှေ့ကင်မရာက 16MP ဖြစ်ပြီး HDR ရိုက်ကူးဖို့ ထောက်ပံ့ပေးပါတယ်။ အလင်းရောင် အားနည်းချိန်မှာ ဓာတ်ပုံကောင်း ရိုက်ကူးဖို့လည်း ထောက်ပံ့ထားပါတယ်။ Face Unlock ပါဝင်ပြီး ၀.၂ စက္ကန့်ဖြင့် ဖုန်းဖွင့်နိုင်ပါမယ်။

Meizu 16T ဈေးနူန်းနဲ့ ရောင်းချမယ့် ရက်

Meizu 16T ကို ဗားရှင်းသုံးမျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ RAM6GB+128GB ကို ဒေါ်လာ ၂၈၂၊ RAM8GB+128GB ကို ဒေါ်လာ ၃၂၄ နဲ့ RAM8GB+256GB ကို ဒေါ်လာ ၃၅၃ သတ်မှတ်ထားပါတယ်။ အရောင်များအနေဖြင့် Whale Blue ၊ Daylight Orange ၊ Lake Green အရောင်တို့နဲ့ ရွေးချယ်နိုင်ပါတယ်။ ဒီဖုန်းကို တရုတ်မှာ ကြိုတင်အမှာ လက်ခံနေပြီဖြစ်ပြီး လာမယ့်အောက်တိုဘာလ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Related Articles