You are here

Samsung Galaxy S10 နဲ့ Galaxy Note10 တို့အား ထောက်ပံ့ထားမှုကို ကမ္ဘာတလွှားမှ ဘဏ်များ ဖယ်ရှား

Apps
Mobile
Samsung
Technology

ဗြိတိန်ဘဏ် Nationalwide Building Society ဟာ ၎င်းတို့ရဲ့ App မှာ Samsung Galaxy S10 ဖုန်းများမှ လက်ဗွေရာစနစ်အား ထောက်ပံ့ထားမှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် NatWest ကလည်း Galaxy S10 ဖုန်းများအား ထောက်ပံ့ထားမှုကို ဖယ်ရှားလိုက်ပါတယ်။

Samsung Galaxy S10 ဖုန်းများမှာ အသုံးပြုထားတဲ့ Ultrasonic Fingerprint Scanner က လုံခြုံမှု ရာနူန်းပြည့် မရှိမှုကြောင့် ဘဏ်များက ယခုလို လက်ဗွေရာစနစ် ထောက်ပံ့ထားမှုကို ဖယ်ရှားလာတာပါ။ Samsung Galaxy S10 ဖုန်းများဟာ Samsung က ထုတ်လုပ်ထားတဲ့ Screen Protector မသုံးပြုရင် ဘယ်လက်ဗွေရာစနစ်နဲ့မဆို ဖုန်းဖွင့်နိုင်တဲ့ ပြဿနာရှိနေတာဖြစ်ပါတယ်။

ယင်းပြဿနာကို Samsung လည်း သိရှိထားပြီးဖြစ်ကာ ဆော့ဝဲလ် Update ပေးပြီး ဖြေရှင်းမယ်လို့ ဆိုထားပါတယ်။ Samsung Galaxy S10 လိုဘဲ Samsung Galaxy Note10 မှာလည်း Ultrasonic Fingerprint Scanner အသုံးပြုထားကာ Galaxy S10 လိုဘဲ ပြဿနာ ရှိနေပါတယ်။

Bank Of China ဟာ Galaxy S10 နဲ့ Galaxy Note10 အပြင် Tab S6 ကိုလည်း သူတို့ရဲ့ App မှာ လက်ဗွေရာစနစ်ဖြင့် အသုံးပြုနိုင်မှု ထောက်ပံ့ထားချက်အား ဖယ်ရှားထားပါတယ်။ အစ္စရေးနိုင်ငံမှ အကြီးမားဆုံး ဘဏ်ဖြစ်တဲ့ Hapoalim Bank က Galaxy S10 နဲ့ Galaxy Note10 အသုံးပြုသူများအား လက်ဗွေရာစနစ်ကို ဖယ်ရှားရန် သတိပေးထားပါတယ်။

ဒီနေရာမှာ တစ်ခု သတိပြုရမှာကတော့ Galaxy Tab S6 မှာ Optical Scanner ဘဲ သုံးထားတာ ဖြစ်ပြီး Galaxy S10 နဲ့ Galaxy Note10 လို မျိုးပြဿနာ ရှိတယ်လို့ မကြားမိပါဘူး။ Bank Of China က ယင်းသို့ ဖြစ်လာမှာ စိုးရိမ်လို့ ဖယ်ရှားလိုက်တာလို့ ယူဆရပါတယ်။

Related Articles