You are here

Kirin 710F SoC နဲ့ ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ Honor 20 Lite (Youth Edition) ကို ကြေညာ

Mobile
Honor
Technology

Huawei ရဲ့ ဒုတိယအမှတ်တံဆိပ် Honor ဟာ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပါတယ်။ Honor 20 Lite (Youth Edition) ဖြစ်ပါတယ်။

Honor 20 Lite မှာ မျက်နှာပြင် ၆.၃ လက်မ AMOLED FullHD+ ရုပ်ထွက်သုံးထားပြီး 20:9 Aspect Ratio သုံးထားပါတယ်။ သေးငယ်တဲ့ Notch သုံးထားကာ ယင်းမှာ ရှေ့ကင်မရာ 16MP f/2.0 ပါဝင်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး အဓိကကင်မရာက 48MP ဖြစ်ကာ ဒုတိယကင်မရာက ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ဖြစ်ပါတယ်။ တတိယကင်မရာက 2MP Depth Sensor ဖြစ်ပါတယ်။

Honor 20 Lite ကို Kirin 710F SoC နဲ့ အထိုင်ချထားပြီး RAM8GB/128GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။ Android 9 Pie အခြေခံ EMUI 9.1 သုံးထားပါတယ်။

ဘက်ထရီ 4000 mAh ပါဝင်ကာ 20W Fast Charging ထောက်ပံ့ထားကာ အနက်ရောင်၊ အစိမ်းရောင်၊ အပြာ/ပန်းရောင်တို့နဲ့ ရွေးချယ်နိုင်ပါတယ်။

4GB/64GB ကို ဒေါ်လာ ၂၀၀ ၊ 6GB/64GB ကို ဒေါ်လာ ၂၁၀ ၊ 6GB/128GB ဗားရှင်းကို ဒေါ်လာ ၂၄၀ နဲ့ စတုတ္ထဗားရှင်းအဖြစ် 8GB/128GB ကို ဒေါ်လာ ၂၇၀ သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချသွားပါမယ်။

Related Articles