You are here

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် RAZR 2019 ကို Motorola ကြေညာလာမည်

Gadgets
Mobile
Technology

Motorola ရဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း RAZR 2019 နဲ့ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်လာတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ ယနေ့မှာတော့ Motorola က RAZR 2019 ကို လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလာပြီ ဖြစ်ပါတယ်။

Motorola ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လေ့စ်အိန်ဂျယ်လေ့စ်မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Motorola RAZR 2019 က Samsung Galaxy Fold ၊ Huawei Mate X တို့လိုမျိုး ဒီဇိုင်းမသုံးထားဘဲ ခါးလယ်တစ်ဝက်မှ ခေါက်သုံးရတဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းဖြစ်ကာ အင်္ကျီအိတ်မှာ အလွယ်တကူ ထည့်ထားနိုင်တဲ့ စမတ်ဖုန်း ဖြစ်လာပါမယ်။ အစောပိုင်းသတင်းများအရ ဒီဖုန်းကို Snapdragon 710 SoC နဲ့ ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး 6GB/64GB ၊ 6GB/128GB တို့နဲ့ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ ဘက်ထရီ 2730 mAh ပါဝင်ပါမယ်။ ဒီဖုန်းရဲ့ ဈေးနူန်းက ဒေါ်လာ ၁၅၀၀ ဖြစ်လာမယ်လို့ သတင်းထွက်ထားပါတယ်။

Related Articles