You are here

90Hz OLED Screen နဲ့ Telephoto ကင်မရာသစ်များပါဝင်တဲ့ Pixel 4 နဲ့ Pixel 4 XL တို့ကို ကြေညာ

Mobile
Technology

Google ဟာ အဆင့်မြင့် စမတ်ဖုန်းများ ဖြစ်ကြတဲ့ Pixel 4 နဲ့ Pixel 4 XL တို့ကို ကြေညာလာပါတယ်။ Pixel 4 ဖုန်းနှစ်မျိုးတို့မှာ 90Hz Screen နဲ့ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါတယ်။

Google Pixel 4 နဲ့ Pixel 4 XL တို့အကြားမှာ မျက်နှာပြင်ကဘဲ အဓိက ကွာခြားချက် ဖြစ်ပါတယ်။ Pixel 4 မှာ မျက်နှာပြင် ၅.၇ လက်မ OLED 1080p+ ရုပ်ထွက်သုံးထားပါတယ်။ Pixel 4 XL မှာ မျက်နှာပြင် ၆.၃ လက်မ OLED QHD+ ရုပ်ထွက်သုံးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ 19:9 Aspect Ratio သုံးထားပါတယ်။ Notch မပါဝင်ပါဘူး။

ဒီဖုန်းမှာ 90Hz Refresh Rate အတွက် Smooth Display စနစ်သစ် ပါဝင်ပါတယ်။ ဘက်ထရီချွေတာနိုင်ဖို့အတွက် 60Hz သုံးနိုင်မယ့် စနစ်လည်း သုံးနိုင်ပါမယ်။ HDR ထောက်ပံ့ထားသလို Always-On Display ပါဝင်ပါတယ်။ Ambient EQ ပါဝင်ပြီး ပတ်ဝန်းကျင်အလင်းအပေါ်မူတည်ပြီး ကောင်းမွန်စွာ ကြည့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

ဖုန်းနှစ်မျိုးလုံးမှာ ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပြီး အဓိကကင်မရာက 12MP ဖြစ်ပါတယ်။ Dual Pixel Autofocus ပါဝင်ပါတယ်။ ဒီကင်မရာမှာ Opitcal နဲ့ Electronic Image Stabilization ပါဝင်ပါတယ်။ အလင်းဝင်ပေါက် f/1.7 သုံးထားပါတယ်။ Pixel Neural Core နဲ့ Google Proprietary Algorithms ပါဝင်ကာ အရည်အသွေးကောင်း ဓာတ်ပုံများ ရိုက်ကူးနိုင်ပါမယ်။

Pixel Neural Core သစ်က HDR+ ရိုက်ကူးနိုင်ပါမယ်။ Dual Exposure Controls ကြောင့် Shadows နဲ့ Highlight Rendering တို့ကို ကိုယ့်စိတ်ကြိုက်ထိန်းချုပ်နိုင်ပါမယ်။ ဒါ့အပြင် ညဖက် ဓတာ်ပုံကောင်း ရိုက်ကူးနိုင်မယ့် Nigtsight သစ်ပါဝင်ပါတယ်။

Pixel စီးရီးအတွက် ကင်မရာသစ်ဖြစ်တဲ့ Telephoto ကင်မရာပါဝင်ပါတယ်။ 16MP ဖြစ်ပြီး OIS နဲ့ EIS ပါဝင်ပါတယ်။ Super Resolution Zoom ဆော့ဝဲလ်ကြောင့် 2x Zoom လည်း ရိုက်ကူးနိုင်ပါမယ်။ ဒါ့အပြင် Bokeh Mode ရိုက်ကူးဖို့လည်း ထောက်ပံ့ပေးပါတယ်။

အဓိကကင်မရာဖြင့် ဗီဒီယိုရိုက်ကူးမှုကို 4K 30fps ဖြင့် ပြုလုပ်နိုင်ပြီး အနှေးဗီဒီယိုရိုက်ကူးမှုကို 1080p@120fps ဖြင့် ပြုလုပ်နိုင်ပါမယ်။

ဖုန်းနှစ်မျိုးလုံးမှာ ရှေ့ကင်မရာ 8MP ပါဝင်သလို 3D Depth Sensor ပါဝင်ပါကာ Face Unlock သုံးနိုင်ပါမယ်။ လက်ဗွေရာစနစ် မပါဝင်ပါဘူး။ Soli Radar ပါဝင်ကာ Hand Gestures ကို တိကျစွာ လုပ်ဆောင်ပေးပါမယ်။  Active Edge စနစ်လည်း ပါဝင်ပါတယ်။

Google Pixel 4 မှာ ဘက်ထရီ 2800 mAh နဲ့ Pixel 4 XL မှာ ဘက်ထရီ 3700 mAh ပါဝင်ပါတယ်။ 18W USB Delivery ပါဝင်သလို Qi Wireless Charger လည်း ထောက်ပံ့ပေးပါတယ်။

Snapdragon 855 SoC နဲ့ ပါဝါထောက်ပံ့ထားကာ RAM6GB ပါဝင်ပါတယ်။ 64GB နဲ့ 128GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါမယ်။ microSD မထောက်ပံ့ထားပါတယ်။ Nano SIM နဲ့ eSIM သုံးနိုင်ပါမယ်။

Related Articles