You are here

90Hz Display ၊ Snapdragon 855+ ၊ 64MP ကင်မရာနှင့် Optical Zoom ပါ ကျောဘက်ကင်မရာလေးလုံး ပါဝင်တဲ့ Realme X2 Pro Zoom ကို ကြေညာ

Mobile
Technology

Realme X2 Pro က Realme ရဲ့ ပထမဆုံး အဆင့်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ Realme X2 Pro က X2 ကို များစွာ အဆင့်မြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အမည်က ဆင်တူပေမယ့် များစွာ ကွာခြားပါတယ်။ Realme ဟာ အစောပိုင်းက အလယ်အလတ်တန်းနဲ့ တန်ဖိုးနည်းစမတ်ဖုန်းတို့ကို သက်သာတဲ့ နူန်းထားနဲ့ ရောင်းချလာခဲ့ပေမယ့် ယခု Realme X2 Pro နဲ့အတူ Xaomi ၊ Honor နဲ့ OnePlus တို့ရဲ့ အဆင့်မြင့် စမတ်ဖုန်းများကို အကြီးအကျယ်စိန်ခေါ်လာပြီဖြစ်ပါတယ်။

Realme က OnePlus နဲ့ ညီအစ်မကုမ္ပဏီ ဖြစ်တာနဲ့အညီ OnePlus 7 စီးရီးမှာ အသုံးပြုထားတဲ့စနစ်အများစုကို ငှားယူသုံးထားတာ တွေ့ရပါတယ်။

Realme X2 Pro မှာ မျက်နှာပြင် ၆.၅ လက်မ Fluid Super AMOLED 1080p+ ရုပ်ထွက်သုံးထားပါတယ်။ HDR10+ ထောက်ပံ့ထားပြီး DCI-P3 Color Gumat အပြည့်အဝပေးနိုင်ပါတယ်။ အလွန်လျှင်မြန်တဲ့ In-Display Fingerprint Scanner ထည့်သွင်းထားပါတယ်။ ၀.၂၃ စက္ကန့်ဖြင့် ဖုန်းကို ဖွင့်နိုင်ပါမယ်။ X2 တုန်းက ဖုန်းဖွင့်ဖို့ ၀.၃၆ စက္ကန့် ကြာခဲ့ပါတယ်။

ဒီဖုန်းကို လက်ရှိ Android ဈေးကွက်မှာ ပါဝါအမြင့်ဆုံးဖြစ်တဲ့ Snapdragon 855+ နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ Snapdragon 855+က Snapdragon 855 နဲ့ နှိုင်းယှဉ်ရင် GPU စွမ်းဆောင်ရည် ၁၅ ရာခိုင်နူန်းပိုမြန်လာပါတယ်။ ဂိမ်းကစားမှုကို 90fps ဖြင့် ကစားနိုင်ပါမယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဖုန်းအပူချိန်မြင့်တက်မှု မဖြစ်အောင် Vapor Chamber ပါဝင်ပါတယ်။ Hyper Boost 2.0 ပါဝင်တာကြောင့် တည်ငြိမ်တဲ့ Frame Rate ဖြင့် ကစားနိုင်မှာ ဖြစ်သလို Touch Boost 2.0 ကြောင့် Screen ထိတွေ့မှု ၃၅ ရာခိုင်နှုန်းအထိ တုံ့ပြန်မှု ပိုကောင်လာပါမယ်။

အခြေခံဗားရှင်းမှာ RAM6GB နဲ့ Storage 64GB UFS 2.1 ပါဝင်ပါတယ်။ RAM8GB/128GB နဲ့ 12GB/256GB ဗားရှင်းတို့နဲ့ ရွေးချယ်နိုင်ပါတယ်။ အဆင့်မြင့် ဗားရှင်းများမှာ UFS 3.0 သုံးထားပါတယ်။ microSD ကနေ ထပ်တိုးလို့ မရပါဘူး။

Realme X2 Pro မှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးကို OnePlus 7 စီးရီးဖုန်းများမှာ ကျောဘက်အလယ်မှာ ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ အဓိကကင်မရာက 64MP f/1.8 ဖြစ်ပြီး Samsung GW1 Sensor သုံးထားပါတယ်။ Quad Bayer ဒီဇိုင်းသုံးထားတာ ဖြစ်ပြီး 16MP ဓာတ်ပုံများ ရိုက်ကူးပြီး အကောင်းဆုံးတစ်ပုံကို ထုတ်လုပ်ပေးပါတယ်။

Night Mode 2.0 သစ်ပါဝင်ပြီး AI နဲ့ Noise Reduce စနစ်တို့ ပါဝင်တဲ့အပြင် Handshake ဖြစ်ချိန်မှာလည်း ဓာတ်ပုံကောင်း ရရှိအောင် ထောက်ပံ့ထားပါတယ်။  ဒါ့အပြင် Dynmic Range ကိုလည် ပိုကောင်အောင် လုပ်ထားပါတယ်။ ဒုတိယကင်မရာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ 13MP Telephoto ဖြစ်ပြီး 2x Optical Zoom ထောက်ပံ့ထားပါတယ်။ ဒီကင်မရာနဲ့ အဓိကကင်မရာတို့မှာ OIS ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် ဗီဒီယိုရိုက်ကူးမှုအတွက် EIS ဘဲ ထောက်ပံ့ထားပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် ပြုလုပ်နိုင်ပါမယ်။

တတိယကင်မရာက ၁၁၅ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ဖြစ်ပြီး Macro Mode လည်း ရိုက်ကူးနိုင်ပါတယ်။ PDAF ထောက်ပံ့ထားပါတယ်။ အနှေးဗီဒီယိုရိုက်ကူးမှုကို 720p@960fps ဖြင့် ပြုလုပ်နိုင်ပါတယ်။ စတုတ္ထကင်မရာက 2MP Depth Sensor ဖြစ်ပါတယ်။

ရှေ့ကင်မရာက 16MP ဖြစ်ပြီး Quad Byar Filter ပါဝင်တဲ့အပြင် Nightscape Mode နဲ့ ဗီဒီယိုရိုက်ကူးမှုအတွက် EIS ပါဝင်ပါတယ်။

Realme X2 Pro မှာ ဘက်ထရီ 4000 mAh ပါဝင်ကာ 50W SuperVOOC အားသွင်းမှု ထောက်ပံ့ထားပါတယ်။ မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၈၀ ရာခိုင်နူန်းအထိ ရရှိပါမယ်။ OnePlus 7T Pro မှာ ပါဝင်တဲ့ Warp Charge 30T ထက် ပိုမြန်ပါတယ်။ ပိုကောင်းတာကတော့ USB Power Delivery နဲ့ Qualcomm QuickCharge ကိုလည်း ထောက်ပံ့ထားပါတယ်။

ဒီဖုန်းမှာ ကျောဘက်မှာရော မျက်နှာပြင် Gorilla Glass 5 မှန်သုံးထားပါတယ်။ ဒီဖုန်းကို Ocean Blue နဲ့ Midnight Silver အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။ ဒါ့အပြင် Master Edition နှစ်ခုအနေဖြင့် အနီရောင်၊ ခဲရောင်ဗားရှင်းတို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။

ဒီဖုန်းမှာ နောက်ထပ် ထူးခြားမှုတစ်ခုကတော့ Tactile Linear Motor ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ Ultra-Linear Dual Speakers ပါဝင်ကာ Ultra-Linear Dual Speakers ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Dolby Atmos နဲ့ Hi-Res လည်းလည်း ထောက်ပံ့ထားပါတယ်။

Related Articles