You are here

Snapdragon 730G ၊ 64MP ကင်မရာပါဝင်တဲ့ Oppo K5

Mobile
Technology

Oppo ဟာ Snapdragon 855+ ၊ 65W SuperVOOC 2.0 ပါဝင်တဲ့ Reno Ace နဲ့အတူ အလယ်အတန်း စမတ်ဖုန်း Oppo K5 ကိုလည်း မိတ်ဆက်လာပါတယ်။ Oppo K5 မှာ Snapdragon 730G ၊ 64MP ကင်မရာပါ ကျောဘက်ကင်မရာလေးလုံးတို့ အသုံးပြုထားပြီး အလယ်အလတ်တန်း စမတ်ဖုန်းကောင်းတစ်လုံး ဖြစ်ပါတယ်။

Oppo K5 မှာ မျက်နှာပြင် ၆.၄ လက်မ AMOLED FHD+ ရုပ်ထွက်သုံးထားပြီး 19:5:9 Aspect Ratio သုံးထားပါတယ်။ Waterdrop Notch သုံးထားကာ Screen-to Body Ratio က ၉၁ ရာခိုင်နူန်းကျော် ရှိပါတယ်။

Oppo K5 ရဲ့ ကျောဘက်မှာ မှန်သုံးထားပြီး ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 64MP ကင်မရာြဖစ်ပြီး ကျန်ကင်မရာများက 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။ ကင်မရာကတော့ Realme X2 နဲ့အတူတူ ဖြစ်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ကာ 30W VOOC 3.0 ဖြင့် အားသွင်းနိုင်ပါမယ်။ မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၆၇ ရာခိုင်နူန်း ရရှိပါမယ်။

Oppo K5 ရဲ့ 6/128GB ကို ဒေါ်လာ ၂၆၆၊ 8/128GB ကို ဒေါ်လာ ၂၉၅ နဲ့ 8/256GB ကို ဒေါ်လာ ၃၅၀ အသီးသီး သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင်တို့နဲ့ ရွေးချယ်နိုင်ကာ အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ရောင်းချသွားပါမယ်။

Related Articles