You are here

တောင်ကိုရီးယားတွင် LG V50s ThinQ ကို ကြေညာလာ

Gadgets
Mobile
Technology

LG ဟာ LG V50s ThinQ ကို မနက်ဖြန်သောကြာနေ့မှ စတင်ပြီး တောင်ကိုရီးယားဈေးကွက်မှာ ရောင်းချသွားပါမယ်။ LG ဟာ Dual Screen Accessory ကို ဝယ်ယူသူများအား လက်ဆောင်ပေးသွားပါမယ်။ ယင်း Accessory ကြောင့် LG V50s ThinQ အသုံးပြုသူများအနေဖြင့် မျက်နှာပြင်နှစ်ခု အသုံးပြုနိုင်ပါမယ်။

LG V50s ThinQ ရဲ့ ဈေးနူန်းကို ဒေါ်လာ ၁၁၉၉ သတ်မှတ်ထားပါတယ်။ ဒီဖုန်းမှာ 5G လည်း ထောက်ပံ့ထားပါတယ်။

LG V50s ThinQ ကို Snapdragon 855 ပါဝါထောက်ပံ့ထားပြီး RAM6GB နှင့် Storage 128GB ပါဝင်ပါတယ်။ ဘက်ထရီ 4100 mAh ပါဝင်ကာ 21W Fast Charging ထောက်ပံ့ထားပါတယ်။

ဒီဖုန်းမှာ မျက်နှာပြင် ၆.၄ လက်မ OLED သုံးထားပါတယ်။ Dual Screen ရဲ့ ကျောဘက်မှာ ၂.၁ လက်မအဖြူ/အမည်းရုပ်ထွက်ငယ်ပါဝင်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးက 12MP+13MP Ultrawide ဖြစ်ပြီး ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။

ဒီဖုန်းကို Aurora Black အရောင်တစ်မျိုးတည်းနဲ့ဘဲ ရွေးချယ်နိုင်ပါမယ်။

Related Articles