You are here

စမတ်ဖုန်းအားလုံးနှင့် တွဲသုံးနိုင်တဲ့ Gamepad ကို Honor ကြေညာလာ

Gadgets
Gaming
Mobile
Technology

ကိုလုံးမှာ Gamescom 2019 ကို ကျင်းပလျက်ရှိပါတယ်။ Honor ဟာ Gamecom 2019 မှာ Gamepad တစ်ခုကို ကြေညာလာပါတယ်။ Honor Gamepad က စမတ်ဖုန်းရဲ့ ဘယ်ခြမ်း (သို့မဟုတ်) ညာခြမ်းမှာ တပ်ဆင်ပြီး Controller အဖြစ် အသုံးပြုနိုင်တဲ့ ဂိမ်းခလုတ်ဖြစ်ပါတယ်။ Bluetooth လည်း ပါဝင်ကာ ဘက်ထရီ 400 mAh ပါဝင်ပါတယ်။

Gamepad မိတ်ဆက်ပွဲမှာ Honor က စမတ်ဖုန်းဖြင့် ဂိမ်းကစားသူ ၁၈ ရာခိုင်နှုန်းက ကိုယ့်ကိုယ်ကို Gamers များလို့ ယူဆကြောင်း၊ ထို့ကြောင့် Honor က ဂိမ်းခလုတ် ထုတ်လုပ်လာရခြင်း ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Honor Gamepad ကို ဘယ်စမတ်ဖုန်းအမျိုးအစားနှင့်မဆို ချိတ်ဆက် အသုံးပြုနိုင်ပြီး USB Type C မှ တဆင့် အားသွင်းရပါမယ်။

လက်ရှိအချိန်မှာ Honor က Gamepad ကို ဘယ်တော့ ရောင်းချမယ်ဆိုတာ မပြောထားသေးသလို ဈေးနှုန်းကိုလည်း မကြေညာသေးပါဘူး။

Related Articles