You are here

ခေါက်ဖုန်းကဲ့သို့ ခေါက်သုံးနိုင်တဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကို ထုတ်လုပ်လာမယ့် Samsung

Gadgets
Mobile
Samsung
Technology

Motorola ဟာ ယခုနှစ် နှစ်ကုန်ပိုင်းမှာ ခေါက်ဖုန်းဒီဇိုင်းမျိုး ခေါက်သုံးရမယ့် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း RAZR 2019 ကို ကြေညာသွားပါမယ်။ Motorola RAZR 2019 မှာ ရှည်လျားတဲ့ ရုပ်ထွက်ဒီဇိုင်းသုံးလာမှာဖြစ်ပြီး ခါးတစ်ဝက်မှ ခေါက်သုံးရမှာဖြစ်ပါတယ်။ ခေါက်ထားချိန်မှာ အကျီအိတ်မှာ အလွယ်တကူ ထည့်သိမ်းထားနိုင်ပြီး ဖြန့်ထားချိန်မှာ Tablet တစ်လုံးကဲ့သို့ အသုံးပြုနိုင်ပါမယ်။

အခြားတစ်ဖက်မှာ Samsung ကလည်း Motorola RAZR 2019 လို ဒီဇိုင်းမျိုး သုံးထားတဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။ Samsung ဟာ Galaxy Fold ကို ရုပ်ထွက် ပြဿနာကြောင့် ရောင်းချနိုင်ခြင်း မရှိသေးပေမယ့်လည်း ဒုတိယမျိုးဆက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းကို လုပ်ဆောင်နေတာပါ။ ဒါပေမယ့် Samsung ဟာ Galaxy Fold တုန်းက ကြုံခဲ့ရတဲ့ အမှားတွေကြောင့် ယခု ဒုတိယမျိုးဆက် စမတ်ဖုန်းကို ပိုမိုအဆင်ပြေချောမွေ့အောင် လုပ်ဆောင်သွားနိုင်ဖို့ ရှိပါတယ်။

ထူးခြားတာကတော့ Samsung ရဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းက RAZR 2019 လို အတွင်းခေါက် မဟုတ်ဘဲ အပြင်ခေါက် ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်ပြီး Selfie ရိုက်ကူးရာမှာလည်း သုံးနိုင်ပါတယ်။

Related Articles