You are here

Motorola Razr ခေါက်နိုင်တဲ့ စမတ်ဖုန်းကို ဒီဇင်ဘာလတွင် ကြေညာလာမည်ဖြစ်ပြီး ဈေးနှုန်း ယူရို ၁၅၀၀ ဖြစ်လာမည်

Gadgets
Mobile
Technology

Motorola ရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း Motorola Razr နဲ့ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့မှာ Motorola Razr နဲ့ပတ်သက်တဲ့ သတင်းသစ် တစ်ခု ထွက်ပေါ်လာပါတယ်။

ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Motorola Razr ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၀ ခုနှစ်၊ ဇန်န၀ါရီလမှာ ရောင်းချလာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးနှုန်းကလည်း ယူရို ၁၅၀၀ (ဒေါ်လာ ၁၆၆၅) အနည်းဆုံး ဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။

ဈေးနှုန်းမြင့်မားတယ်လို့ဆိုပေမယ့် Samsung Galaxy Fold နှင့် Huawei Mate X တို့ရဲ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်ရင် များစွာ နည်းပါးပါသေးတယ်။ အခြားတစ်ဖက်မှာ Motorola Razr ရဲ့ ဈေးနှုန်းက လက်ရှိ အဆင့်မငြ့် စမတ်ဖုန်းဈေးနှုန်းများထက် ၅၀ ရာခိုင်နှုန်း မြင့်မားပါတယ်။

Motorola Razr က အလယ်ခေါက်/အတွင်းခေါက် စမတ်ဖုန်းဖြစ်ပြီး ခေါက်ထားချိန်မှာ အမျိုးသားကိုင် ပိုက်ဆံအိတ်ငယ်ကဲသို့ ရှိနေမှာ ဖြစ်ပြီး အလွယ်တကူ အိတ်ထဲထားနိုင်ပါမယ်။ ကျောဘက်မှာလည်း ရုပ်ထွက်ငယ် တစ်ခု ပါဝင်ပြီး Notification များကို အလွယ်တကူ ကြည့်နိုင်ပါမယ်။

အစောပိုင်းသတင်းများအရ Motorola Razr ကို Snapdragon 710၊ RAM4GB နှင့်ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး Storage 64GB ပါဝင်လာမယ်လို့ သိရပါတယ်။ မျက်နှာပြင်က ၆.၂ လက်မရှိလာမှာ ဖြစ်ပြီး 876x2142px Resolution ထောက်ပံ့လာပါမယ်။ အပြင်ဖက်ရုပ်ထွက်ငယ်မှာ 600x800px Resolution သုံးလာပါမယ်။

Related Articles