You are here

နာမည်ကြီးမော်ဒယ်နှင့် သရုပ်ဆောင်ဂူလီနာဇာကို Mi CC စီးရီးရဲ့သံတမန်အဖြစ် Xiaomi ခန့်အပ်

Mobile
Technology

Xiaomi ဟာ မော်ဒယ်နှင့် သရုပ်ဆောင် ဂူလီနာဇာကို Mi CC စီးရီးရဲ့ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဂူလီနာဇာက နာဇာအဖြစ် လူသိများသူဖြစ်ပြီး တရုတ်မှာ နာမည်ကြီးနေတဲ့ မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Xiaomi ဟာ Mi CC9 ဖုန်းကို ဂူလီနာဇာကိုင်ထားတဲ့ ပိုစတာကို အွန်လိုင်းမှာ တင်ပြီး အထက်ပါသတင်းကို အတည်ပြုသွားတာလည်း ဖြစ်ပါတယ်။

Xiaomi ဟာ Mi CC စီးရီးအဖြစ် Mi CC9 နှင့် Mi CC9e တို့ကို ကြေညာရောင်းချထားပါတယ်။ Mi CC9e က နိုင်ငံတကာဈေးကွက်မှာ Mi A3 အမည်နှင့် ရောင်းချနေတဲ့ ဖုန်းဆိုရင်လည်း မမှားပါဘူး။

Mi CC9 မှာ မျက်နှာပြင် ၆.၃၉ လက်မ AMOLED FHD+ ရုပ်ထွက်သုံးထားပြီး Mi CC9e မှာ ၆.၀၈ လက်မ AMOLED HD+ ရုပ်ထွက်သုံးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ 19:5:9 Aspect Ratio ၊ Always-On Display နှင့် နောက်ဆုံးမျိုးဆက် In-Display Fingerprint Scanner ပါဝင်ပါတယ်။

CC9 ကို Snapdragon 710 ၊ Ram6GB နှင့်အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ Mi CC9e ကို Snapdragon 665 နှင့်ပါဝါထောက်ပံ့ထားပါတယ်။

ကျောဘက်ကင်မရာပိုင်းကတော့ ဖုန်းနှစ်မျိုးလုံးအတူတူ ဖြစ်ပါတယ်။ 48MP f/1.79+8MP (၁၂၀ ဒီဂရီမြင်ကွင်းကျယ်)+2MP (Depth) တို့ ပါဝင်ပါတယ်။ ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။

ဖုန်းနှစ်မျိုးလုံးမှာ Android Pie အခြေခံ MIUI 10 ပါဝင်ပါတယ်။ ဒါ့အပြင် ဘက်ထရီ 4030 mAh ပါဝင်ကာ 18W Fast Charging ထောက်ပံ့ထားကြပါတယ်။

Related Articles