You are here

21:9 Screen ၊ Ultra-Wide Angle Camera ၊ IPX2 Rating နှင့် အခြားစနစ်များပါဝင်တဲ့ Motorola One Action ကို ကြေညာလာ

Mobile
Technology

Motorola ဟာ Motorola One Action ကို ကြေညာလာပြီ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ အမည်မှာ အသုံးပြုထားသလို ကျောဘက်မှာ လှုပ်ရှားမှု ရိုက်ကူးတဲ့ ကင်မရာပါဝင်ပါတယ်။ ယင်းလှုပ်ရှားမှု ရိုက်ကူးကင်မရာက ဒီဂျစ်တယ်အက်ရှင်ကင်မရာများမှာလိုဘဲ ၁၁၇ ဒီဂရီမြင်ကွင်းကျယ်ကို 1080p/60fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။

Motorola One Action မှာ မျက်နှာပြင် ၆.၃ လက်မ IPS LCD FullHD+ ရုပ်ထွက်နှင့် 21:9 Aspect Ratio သုံးထားပါတယ်။ Punch-Hole Selfie Camera ဒီဇိုင်းသုံးထားကာ ရှေ့ကင်မရာ 12MP ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး ယင်းမှာ အက်ရှင်ကင်မရာပါဝင်လာတာ ဖြစ်ပါတယ်။

အက်ရှင်ကင်မရာက 16MP ဖြစ်ပြီး 4-in-1 Binning စနစ်သုံးထားတာကြောင့် အလင်းရောင်အားနည်းချိန်မှာလည်း ဓာတ်ပုံနှင့် ဗီဒီယိုကောင်းများ ရိုက်ကူးနိုင်တဲ့အပြင် EIS စနစ်ပါဝင်ပါတယ်။ အဓိကကင်မရာက 12MP ဖြစ်ကာ 4K/30fps ဗီဒီယို ရိုက်နိုင်ပါတယ်။ တတိယကင်မရာက 5MP Depth Sensor ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို Motorola Logo မှာ ထည့်ထားပါတယ်။

ဒီဖုန်းကို Samsung Exynos 9609 Chipset ၊ RAM4GB နှင့် အထိုင်ချထားကာ Storage 128GB ပါဝင်ပါတယ်။ SIM ကတ်နှစ်ကတ်သုံးနိုင်ပြီး microSD ထောက်ပံ့ထားပါတယ်။ Android 9.0 Pie ပါဝင်ကာ Android One Program ဖုန်း ဖြစ်ပါတယ်။ IPX2 ရရှိထားတာကြောင့် မိုးရေစိုဒဏ်ခံနိုင်ပါတယ်။ ဘက်ထရီ 3500 mAh ၊ USB Type C သုံးထားကာ 10W Fast Charging ထောက်ပံ့ထားပါတယ်။

Motorola ဟာ ဖုန်းရဲ့ ထိပ်မှာ နားကြပ်ပေါက်ထည့်သွင်းပေးထားဆဲ ဖြစ်ပြီး ဖုန်းအောက်ခြေမှာ Dolby Atmos ထောက်ပံ့ထားတဲ့ စပီကာပါဝင်ပါတယ်။ ဗူးအတွင်းမှာ နားကြပ်တစ်ခုနှင့် ကာဗာတစ်ခု ထည့်သွင်းပေးထားပါတယ်။

ဒီဖုန်းရဲ့ဈေးနှုန်းက ဒေါ်လာ ၂၈၈ ဖြစ်ပြီး အပြာရောင်၊ အဖြူရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

Related Articles