You are here

Vivo iQOO Pro 5G မှာ ဈေးနှုန်းအသက်သာဆုံး 5G စမတ်ဖုန်း ဖြစ်လာမည်

Mobile
VIVO
Technology

Vivo ရဲ့ဂိမ်းစမတ်ဖုန်းအမှတ်တံဆိပ် iQOO ဟာ လာမယ့်အပတ် သြဂုတ်လ ၂၂ ရက်နေ့မှာ Vivo iQOO Pro 5G ကို မိတ်ဆက်သွားပါမယ်။ Vivo iQOO Pro 5G မှာ ပါဝင်လာမယ့် အရေးပါတဲ့ စနစ်အချို့တို့ကိုလည်း သိထားကြပြီး ဖြစ်ပါတယ်။

5G စမတ်ဖုန်းတွေက 4G စမတ်ဖုန်းတွေထက် ပိုပြီးတော့ ဈေးကြီးပါတယ်။ ဒါပေမယ့် Vivo iQOO Pro 5G စမတ်ဖုန်းကတော့ အခြား 5G စမတ်ဖုန်းတွေလို ဈေးနှုန်းမြင့်မားမှာ မဟုတ်ပါဘူး။

ယနေ့မှာ တရုတ်မီဒီယာများရဲ့ ဖော်ပြချက်အရ Vivo iQOO Pro 5G က 5G စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်း အသက်သာဆုံး 5G စမတ်ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ iQOO Pro 5G ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Vivo iQOO Pro 5G မှာ မျက်နှာပြင် ၆.၄၁ လက်မ 1080x2340px Super AMOLED ၊ Waterdrop Notch ၊ In-Display Fingerprint Scanner ၊ Snapdragon 855+ ပါဝင်လာပါမယ်။ RAM8GB/RAM12GB တို့နှင့် ရွေးချယ်နိုင်ပြီး Storage 128/256/512GB တို့နှင့် ရွေးနိုင်ပါမယ်။ ရှေ့ကင်မရာ 12MP နှင့် 48MP+13MP+12MP ကျောဘက်ကင်မရာပါဝင်ပါမယ်။ ဘက်ထရီ 4500 mAh ကို 44W Fast Charging ထောက်ပံ့လာပါမယ်။ Android Pie အခြေခံ FuntouchOS 9 ပါဝင်လာပါမယ်။

Related Articles