You are here

iPhone 11 ကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိတ်ဆက်မည်

Apple
Mobile
Technology

Apple ဟာ iOS 13 Developers Beta ကို ပေးလာပါတယ်။ ယင်းမှာ ပါဝင်တဲ့ ကုဒ်များမှာ iPhone 11 ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ့် သဲလွန်စများ ပါဝင်လာပါတယ်။

iOS 13 ကုဒ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ (အင်္ဂါနေ့)နေ့စွဲ ပါဝင်နေပါတယ်။ ဒါ့အပြင် HoldForRelease လို့လည်း ပါဝင်ပါတယ်။ Apple ဟာ ယမန်နှစ် iPhone XS ကို စက်တင်ဘာလ ၁၂ နေ့မှာ မိတ်ဆက်ခဲ့တာ ဖြစ်လို့ ယခုနှစ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်လာရင်လည်း အံ့သြစရာတော့ မရှိပါဘူး။

Apple ဟာ iPhone 11 ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်တယ်ဆိုရင် စက်တင်ဘာလ ၁၃ ရက်နေ့မှာ စတင် ကြိုတင်အမှာ လက်ခံလာဖို့ ရှိနေပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင် ရောင်းချသွားဖို့ ရှိပါတယ်။

Related Articles