You are here

အသုံးပြုသူများရဲ့ အသံမက်ဆော့ခ်ျကို ခိုးနားထောင်တဲ့ Facebook

Apps
Mobile
Technology

Facebook နှင့် Privacy ချိုးဖောက်မှုဆိုတာ တစ်သားတည်းလိုတောင် ဖြစ်နေပါပြီ။ အခုလည်း Facebook ဟာ Privacy ထပ်မံ ချိုးဖောက်လာပြန်ပါပြီ။ Bloomberg ရဲ့ ဖော်ပြမှုအရ Facebook ဟာ Facebook Messenger မှ အသုံးပြုသူများရဲ့ အသံမက်ဆော့ခ်ျကို ဘာသာပြန်ရန်အတွက် ပြင်ပကုမ္ပဏီမြောက်မြားစွာတို့ကို ငှားရမ်းပြီး ဘာသာပြန်ခိုင်းနေကြောင်း သိရပါတယ်။

Facebook အတွက် အလုပ်လုပ်ပေးနေတဲ့ သူတစ်ဦးက Facebook ဟာ ဘာကြောင့် မက်ဆင်ဂျာမှ အသံမက်ဆော့ခ်ျများကို ဘာသာပြန်ခိုင်းရသလဲ နားမလည်နိုင်အောင် ဖြစ်ရကြောင်း ဆိုသွားပါတယ်။

Facebook ကလည်း ယင်းသို့ မက်ဆင်ဂျာမှ အသံဖိုင်များကို ရယူကာ ဘာသာပြန်ကြောင်း ၀န်ခံထားပါတယ်။ ဒါပေမယ့် ၎င်းတို့က AI စနစ်က ဘာသာပြန်မှု ပိုမိုကောင်းမွန်လာအောင် ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။ သို့ပေမယ့် ယခုအခါ ယင်းသို့ လုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

အစောပိုင်းတုန်းက Apple ၊ Amazon နှင့် Microsoft တို့ဟာလည်း အသုံးပြုသူများရဲ့ အသံကို ဖမ်းယူနားထောင်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ၀န်ခံခဲ့ဖူးပါတယ်။

Facebook CEO မတ်ဇူကာဘတ်ဟာ အမေရိကန်ကွန်ဂရက်သို့ ဆင့်ခေါ်ခံရတုန်းက အသုံးပြုသူများရဲ့ အသံကို ရယူခြင်းမရှိကြောင်း ငြင်းဆိုခဲ့ဖူးပါတယ်။

Related Articles